ခင္ခJuly 14, 20141min18116
” လုပ်သင့်တာလေး လုပ်ကြပါစို့ “   ဘဝနိဂုံး အဆုံးသတ်တော့ အသက်ကယ်ကြီး အရွယ်အိုလို့ ချိနဲ့ရုပ်ခန္ဓာ အနာရောဂါ ဖြစ်ပေါ်လာလို့ ဓမ္မတာအရ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   နေမယ်ဆိုရင် နေလို့ရသေး သေလွန်လှတာ နှမျှောစရာလေး အရွယ်ကငယ်ငယ် သေရရှာတယ် ဓမ္မာအရ မဟုတ်လှဘဲ မတော်တဆ ဖြစ်ခဲ့ကြလို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   ရောဂါစဖြစ် နွံနစ်သည့်ဘဝ တစ်နေ့လုပ် တစ်နေ့စား ထိုလူများက ဆေးကုစရာ ငွေမရှိရှာလို့ ကြိတ်မှိတ်ခံစား ဝေဒနာများကို သေသော်မှသည် ဪကောင်း၏မို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   သူဌေးကြီးလည်း ရောဂါစွဲတော့ ကောင်းပေ့ဆေးရုံ ပါရဂူစုံနဲ့ ကုသကြလို့ ပျောက်သည်လည်းရှိ မပျောက်သည်လည်းရှိ ဆရာဝန်ကခေါင်းခါပြကာ လက်လွှတ်ပါပြီ […]