captainamericaApril 20, 20121min22316
၉ နာရီထိုးပီး တစ်စက္ကန်းမှာလာတဲ့သူတွေကိုမကြိုက်ဖူး ၃နာရီ ၁၅ပြည့်ဖို. တစ်စက္ကန်.အလိုမှာပြန်သာွးတဲ့သူတွေကိုမကြိုက်ဖူး စာသင်ခန်းထဲနောက်ကျမှဝင်ပီးစောစောဝင်တဲ့သူတွေကိုမကြိုက်ဖူး ကလေးတွေကိုစာရေးခိုင်းပီးကိုယ်လုပ်ချင်ရာလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး စာကောင်းကောင်းမသင်ပဲထွေရာလေးပါးထိုင်ပြောနေတဲ့သူတွေကိုမကြိုက်ဖူး ဆရာအချင်းချင်းတစ်ယောာက်မကောင်းကြောင်းတစ်ယောက်ပြောနေတဲ.သူတွေကိုမကြိုက်ဖူး စာသင်တာတစ်ခုတည်းလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး ဝါသနာပါတဲ့အလုပ်ကိုဦးစားပေးပြီးလက်ရှိဆရာအလုပ်ကိုဒုတိယနေရာထားတဲ့သူတွေကိုမကြိုက်ဖူး ကျောင်းသားကျောင်းသူတွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေခိုင်းနေတဲ့သူတွေကိုမကြိုက်ဖူး ဆရာကျင့်ဝတ်သိက္ခာနဲ.အညီပြောဆိုနေထိုင်ခြင်းမရှိတဲ့သူတွေကိုမကြိုက်ဖူး ကလေးတွေဆူရင်ကျောင်းခန်းအပြင်ထွက်ခိုင်းလိုက်တဲ့သူတွေမကြိုက်ဖူး ကိုယ့်အမေလင်အိပ်ထဲကပိုက်ဆံနှိုက်သလိုခွင့်တွေခဏခဏယူတဲ့သူကိုမကြိုက်ဖူး အစားထိုးဝင်သင်ခိုင်းမှစိတ်မပါတပါနဲ.အစားထိုးဝင်သင်သူတွေကိုမကြိုက်ဖူး ဒီနယ်မြေဟာ စွန်.လွှတ်စွန်.စားအနစ်နာခံသူတွေရဲ့အဖြူရောင်နယ်မြေဖြစ်တယ် အတ္တမြေပေါ်မှာပရဟိတအလံစိုက်ထူဝံ့သူတွေရဲ.အပြာရောင်နယ်မြေဖြစ်တယ် ယုံကြည်ချက်ကိုအောက်ဆီဂျင်လိုရှူပီးအသက်ရှင်နေသူတွေရဲ့အနီရောင်နယ်မြေဖြစ်တယ် ဒီနယ်မြေမှာ ပိုက်ဆံလာရှာတဲ့ငတေမာတွေမလိုချင်ဝူး ကိုယ့်ပန်းတိုင်မို.ခဏတာလာခိုတဲ့သူတွေမလိုချင်ဝူး ရေသာခို အချောင်လိုက် နိမ့်ကျတဲ့စရိုက်ရှိသူတွေမလိုချင်ဝူး ပြည်တန်ဆာလို တာဝန်ကျေပီးရောစိတ်ထားမျိုးရှသူတွေ မလိုချင်ဝူး ကလေးတွေမှာမိဘမရှိကြဝူး ကလေးတွေမှာအိုးအိမ်မရှိကြဝူး ကလေးတွေမှာပိုက်ဆံမရှိကြဝူး ကလေးတွေမှာအာမခံချက်မရှိကြဝူး ကလေးတွေမှာတိုင်းပြည်တောင်မရှိရှာကြဝူးလေ မရှိခြင်းသာအပြည့်ရှိနေတဲ့သူတိုကို. အနာဂတ်မှာရှိသင့်တာတွေရှိလာဖို. ဆရာတွေစာမီးအိမ်ဖြစ်တယ် မီးမလင်းတဲ့မီးအိမ်တွေကို ဘယ်စာသင်ခန်းမျိုးကမှမလွမ်းဝူး စာသင်ခန်းတွေမှောင်နေရင် အဲဒါဆရာတွေမှောင်နေလို.ဖြစ်မယ် ကျောင်းသားတွေကဘယ်တော့မှမမှောင်ဝူး ပညာရေးဆိုတာ ကျောင်းဆရာတွေက”ဆရာလုပ်”သင်ကြားပေးရတာမဟုတ်ဖူး “ပန်းပုရုပ်ဟုနဂိုတည်းကသစ်သားရုပ်ထဲမှာရှိပီးသား ပန်းပုဆရာကမလိုတဲ့အပိုင်းတွေကိုသာဖယ်ထုတ်ပေးရတာဖြစ်တယ်”ဆိုသလိုပဲ နှလုံးသားနဲ.ဖွင့်ပေးရသူသာဖြစ်တယ် ကမ္ဘာပေါ်မှာရှိသမျှအလုပ်တွေထဲ ကျောင်းဆရာအလုပ်လောက်ကြီးကျယ်မြင့်မြတ်တာမရှိဝူး ဂုဏ်သိက္ခာချင်းနှိုင်းယှဉ်စရာအလုပ်မရှိဝူး အိုဘားမားဟာ ဦးဖိုးကျားလောက်ခေါင်းတစ်လုံးပိုမမြင့်ဝူးလေ တိုင်းပြည်နဲ.လူမျိုးကိုအာမခံချက်ပေးရတဲ့အလုပ် […]