moonpoemOctober 10, 20111min73414
ကျွန်မတို ့တတွေကျန်းမာရေး မဂ္ဂဇင်း ဖတ်သောအခါတွင်လည်းကောင်း၊ ဖက်ရှင်မဂ္ဂဇင်း ဖတ်လျှင်သော်လည်းကောင်းတွေ ့ရသည်က ကျန်းမာရေးကောင်းစေရန် လုပ်ရမည့် လေ့ကျင့်ခန်းများ၊ အလှအပဆိုင်ရာ မေးခွန်းတွေ ဆောင်ရန် ရှောင်ရန်တွေသာဖြစ်သည်။ ဗဟုသုတရသည့်အတွက် ဒီစာတွေ ဖတ်ရတာ အကျိုးများပါသည်။ သို ့သော် သူတို ့တွေ မသိတာ တစ်ခုရှိသေးသည်။ ကျွန်မတို ့သည် ရုံးခွင့်ယူချင်သောအခါများတွင် ချောင်းလေးလောက်တော့ ဆိုးပြတတ်ရမည်။ နှာစီး နေတတ်ရမည်လေ။ ထို ့အတွက်ကြောင့် ခဏတစ်ဖြုတ် ကျန်းမာရေးမကောင်းရန်အတွက် ပြုလုပ်ပုံ ပြုလုပ်နည်းများ ဂျာနယ်များတွင် မပါဝင်သေး။ အဲပြီးတော့ ရှိသေးသည်။ ဒါကတော့ အစိုးရရုံးတွေမှာ အဖြစ်များသည်။ ကောင်မလေး နည်းနည်းပါးပါး ကြည့်ကောင်းပြီဆိုလျှင် ချောပြီဆိုလျှင် ဘာဖွင့်ပွဲ ညာဖွင့်ပွဲအတွက် ဖဲကြိုးကိုင်ရန် ဗန်းကိုင်ရန် အစုံကိုင်ရန်ရုံးပိတ်ရက်တွင် ပိုက်ဆံမရသောဖွင့်ပွဲ ပိတ်ပွဲ […]