အာဂNovember 29, 20101min1245
အံဩစရာခြေရာ။ လူသတ်သမားဟာ လူထွားကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ၃၃ စင်တီမိတာ ဖိနပ်ကြိုးကိုစီးတဲ့ ခြေထောက်ကြီးယောက်ျားတစ်ယောက်ပါပဲ။ အဲဒီလူသတ်သမားဟာ ၂၅ စင်တီမီတာ ဒေါက်မြင့်ဖိနပ်ကိုဝတ်တဲ့ မိန်းမတစ်ယောက်ကို ဥယျာဉ် တစ်ခုထဲမှာ သတ်လိုက်တယ်။ ခြေရာမကျန်ရစ်အောင် သူဟာ အသက်ခံရသူရဲ့ ဒေါက်မြင့်ဖိနပ် ကိုစီးပြီး ဥယျာဉ်အပြင်ဘက်ကို ထွက်သွားတယ် ။ အပြင်ရောက်မှ ကားနဲ့ထွက်ပြေးတယ်။ သို့ပေမဲ့ ၊ သူ့ခြေထောက်အကြီးကြီးဟာ ဘယ်လိုလုပ်ပြီး ရုတ်တရက်သေးသွားမလဲ ။ သူဟာ ဒေါက်မြင့်ဖိနပ်လေးကို ဘယ်လိုစီးသွားသလဲ။ အဖြေကတော့ ထုံးစံအတိုင်းပါပဲခင်ဗျာ။


အာဂNovember 19, 20101min18412
ဘယ်ဟာတရားခံလဲ တနင်္ဂနွေနေ့မှာ ခြောက်တန်းကျောင်းသားလေး မိုက်ကယ်အောင်ပု ဟာ လမ်းလျောက်ဖို့ ထွက်လာ တယ်။ ယောက်ျား နှစ်ယောက်ဟာ ပုခုံးချင်းယှဉ်ပြီး သူ့ရှေ့က လျောက်သွားတယ်။ သေချာကြည့်လိုက်တော့ အဲဒီယောက်ျားနှစ်ယောက်ဟာ လက်တစ်ဖက်ချင်း လက်ထိပ်နဲ့တွဲခတ် ထားတာတွေ့ရတယ်။မာဖီဝတ်ထားတဲ့ ရဲက တရားခံကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားနေတာနဲ့တူတယ် ။ “ဘယ်ဟာက မာဖီဝတ်ရဲလဲ။ ဘယ်ဟာက တရားခံလဲ။” ကျောင်းသားလေး မိုက်ကယ်အောင်ပုက ခေါင်းစောင်းပြီး တွေးကြည့်တယ်။ သင်ကောသိရဲ့လား။ အဖြေကတော့ ထုံစံအတိုင်းပဲပေါ့


အာဂNovember 13, 20101min27618
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။ တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဒေါ်လာ သန်း ၃ဝ တန် ကမ္ဘာ့ ရှားပါတံဆိပ်ခေါင်းတစ်လုံး အခိုးခံ ရတယ်။ တရားခံဟာတံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ်လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ရဲများကလည်း ချက်ချင်းလိုက်လာတယ်။ “ခိုးလာတဲ့တံဆိပ်ခေါင်း ထုတ်ပေး” ရဲကလက်ထဲကပစ္စတိုကိုယမ်းပြီး အမိန့်ပေးတယ်။ “ဟင်း၊ ခင်ဗျားတို့ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိဖြေတယ်။ ဒါနဲ့ရဲက တရားခံကိုလက်ထိပ်ခတ်လိုက်တယ်။ တရားခံ ကိုယ်ပေါ်ရှာတယ်။ တံဆိပ်ခေါင်း ကိုမတွေ့ဘူး။ အကျင်္ ီတို့၊ခြေအိတ်တို့၊ဖိနပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလဲမတွေ့ဘူး။ အဲဒီ့အခန်းထဲမှာက စတီး ရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာတစ်လုံးသာရှိတယ်။ ဒါတွေ မှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာလည်နေတယ။ရုံးစားပွဲတော့ မပြောနဲကတော့။ ကြမ်း ခင်း၊ မျက်နှာကျက်တွေအားလုံး ကို အသေအချာရှာပြီးပြီ။ ဘာမှမတွေ့ဘူး။ “ဟေ့၊ မင်းဘယ်မှာဝှက်ထားသလဲ” […]


အာဂNovember 12, 20101min25512
ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို […]