manawphyulayJanuary 13, 20141min1156
မိမိတို့အားလုံးသည် မိခင်ဝမ်းမှ ကိုးလလွယ် ဆယ်လဖွားပြီးသကာလ ဘာမျှမသိ၊ ဘာမျှ မတတ်သေးတဲ့ အချိန်ကာလ ကလေးအရွယ်မှ စတင်ကာ စကားတီတီတာတာ စတင်ပြောဆို လာနိုင်သည့် အရွယ်မှစ၍ အရာရာကို သိလို စိတ်ဖြင့် မေးမြန်းတတ်လာပါသည်။ ထို့နောက် စူးစမ်း လေ့လာမှုများဖြင့် စတင်ခဲ့ပြီး သိမှတ်သမျှကို မှတ်သားနာယူခဲ့ရပါသည်။ တဖြည်းဖြည်းနဲ့ ကျောင်းနေတဲ့အရွယ် ရောက်ရှိလာသည့်အခါ စာသင်ကျောင်းမှ သင်ကြားပြသ ရိုက်သွင်းသမျှကိုလည်း လေ့လာကျက်မှတ်နာယူခဲ့ရပါသည်။ လူတွေရဲ့ ကလေးနှင့် တိရိစ္ဆာန်မှ မွေးသော ကလေးများသည် မွေးဖွားလာစဉ်အခါက အသိဉာဏ်ရှိသော လူသား ဖြစ်လာရခြင်းမှာ လူတွေ၌ သင်ယူနိုင်အားကောင်းပြီး စဉ်းစားဉာဏ်ရှိသော ဦးနှောက်ပါလာခြင်းနှင့် ယင်းစွမ်းအားကို အသုံးပြုကာ သင်ယူနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ အမှန်တကယ်တော့ မွေးဖွားလာချိန်ကစပြီး ဦးနှောက်ကောင်းရုံ သက်သက်ဖြင့်ကား ဘာမျှ တတ်မည် မဟုတ်ပေ။ […]