၄ တန်း မှာ ပြဌာန်းတဲ့ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ထဲမှာ ငါးပါးသီလအကြောင်း သင်ထားတယ်။ ငါးပါးသီလ လုံခြုံရေးအတွက်ပေါ့လေ။ တကယ်က ဟောဒီကမာ္ဘကြီးထဲမှာ ငါးပါးသီလ လုံအောင်စောင့်ထိန်းပြီး အသက်ရှင်ရပ်တည်လို့ မရဘူး။ အဲဒီ အမှန်တရား ကို မပြောတော့ ခလေးတွေကို မုသာဝါဒကြီး သင်ပေးထားတာပဲပေါ့။ မြန်မာစာဆိုရင်လည်း ဘုရားလောင်း မျောက်မင်းကြီး က ဘယ်လိုလုပ် လူစကားပြောမှာလဲ။ ဘာလို့များ ခလေးတွေကို ယုတ္တိဘောင်က ကျော်နေတာတွေ ၊ အလိမ်အညာတွေကို သင်မြဲသင်နေတာလဲ မသိဘူး။ ပုံပြင်ဆိုရင်လည်း ပုံပြင်လို့ ပြောပြီး သင်ရမှာလေ။ တကယ်တော့ မဟုတ်က ဟုတ်ကတွေကို သင်ရိုးထဲမှာ ဖျက်ပစ်လိုက်ဖို့ဆိုတာ လွယ်လွယ်လေး။ ထပ်ထုတ်တဲ့ စာအုပ်တွေထဲ မထည့်ရုံ။ သင်ရိုးညွှန်းတမ်း ပြောင်းဖို့ ပြောရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ […]