thit minOctober 18, 20112min28132
***ပြီးပြည့်စုံပြီးသူများကို မရည်ရွယ်ပါ။ ကြိုးစားလုပ်ကိုင်နေပါလျှက် ကိုယ့်ဘဝကိုယ်အားမလို၊အားမရဖြစ်နေရသော မိတ်ဆွေတို့အတွက်လက်ဆောင်ဖြစ်ပါသည်။*** တာတိုမှာခွန်အား တာလတ်မှာအဆုံးအဖြတ် တာဝေးမှာစိတ်ဓာတ်လို့ ဆရာခမ်းလိတ်ကရေးခဲ့တယ်။ ကိုထီးဆိုခဲ့တယ်။ ဆက်ပြီးတော့ အဲဒီသီချင်းမှာဘဲ ရွှေဆုလဲမမက်မော ငွေဆုလဲမမက်မော “ရေ” တခွက်ဘဲ စိတ်စောလို့ ဆက်ရေးထားပြန်တယ်။  ဟုတ်တယ် ခုလူလတ်ပိုင်းဆိုတော့ “ဘဝတာဝေးပြေးပွဲ” တော်တော်ပြေးခဲ့ပြီ၊ ခရီးပေါက်ခဲ့သလားဆိုတော့ အင်း….အတန်အသင့်ပေါ့လို့ဘဲ ဖြေနိုင်မည်။ ပန်းတိုင်ရောက်ပြီလားလို့မေးလာရင်တော့ ပြတ်ပြတ်သားသား ဖြေလိုက်စရာ အင်အားမရှိ။  တာဝေးအပြေး တွင်ရှိအပ်သော “စိတ်ဓာတ်” က ပန်းတိုင်ကို လွယ်လွယ်မရောက်နိုင်သောအခက်အခဲများနှင့် ကိုယ်ရောစိတ်ပါပင်ပန်းမှု များက ရွှေဆု၊ငွေဆု၊ဆိုသောပန်းတိုင်ထက် ရောက်ရာနေရာတွင် ရပ်တန့်နားလိုက်ချင်သောစိတ်= ရေတခွက် ကိုသာ စိတ်စောမိသည်က လက်တွေ့။  ဪ လက်ရှိဘဝကိုမကြေနပ်နိုင်သော ဒါမှမဟုတ် ကြေနပ်စရာကောင်းသောအနေအထား တွင် ရောက် မနေသော လူလတ်ပိုင်းအသက်အရွယ်များ၏ စိတ်အကြပ်အတည်း Midlife crisis ဟုခေါ်သည်ပေါ့။ […]