manawphyulayJanuary 16, 20131min38120
ဖားရဲ့အဓိပ္ပာယ် ဖားရဲ့အဓိပ္ပာယ်ကတော့ သူဌေးက ပေးထား၊ ကျွေးထားသူ လုပ်ငန်းခွင်အတွင်း မျက်စိဒေါင့်ထောက်ကြည့်ပြီး သူဌေးကို အတို့အထောင်ပြန်လုပ် သူဌေးယုံကြည်အောင် ပြောဆိုနေသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ သူဌေးက မမေးရသေးဘဲနဲ့ တစ်လုံးမကျန် အိပ်သွန်ဖာမှောက် အူမချေးခါးမကျန် ပြန်လည်တင်ပြကြသည် များကို ဆိုလိုပါသည်။ ကောင်းသတင်းကို ပြန်မပြောပဲ မကောင်းသတင်းကို ပြန်လည်ဖြန့်သည်များကို ဖားလို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သတ်ဖားရဲ့ရာဇဝင် သတ်ဖားရဲ့ရာဇဝင်ကတော့ သူဌေးက မွေးထားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ဆိုတာ ဖြစ်ပါသည်။ လုပ်ငန်းခွင်အကြောင်း ကောင်းကောင်း နားလည်တဲ့သူပေါ့။ မိမိသူဌေးအပေါ် သစ္စာမရှိတဲ့ဖားကို သတ်ဖားလို့ ခေါ်တာပါ။ သူဌေးကတော့ သူမွေးထားတဲ့ ဖားကို ယုံကြည်ပြီးသား ပြောသမျှ ယုံနေတဲ့သူပါပဲ။ ဒါပေမယ့် သတ်ဖား ဆိုတာမျိုးက ဘနဖူး သိုက်တူးမယ့် လူသားဆိုလည်း မမှားပါဘူး။ […]