manawphyulayJune 2, 20141min997
စာဖတ်ပရိသတ်တွေအတွက် အောင်မြင်မှုသည် မိမိကိုယ်တိုင် ဖန်တီးမှုသာ အရေးပါသည်ဆိုသည့် အကြောင်း အရာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်မ စီးပွားရေးဒီပလိုမာတက်တုန်းက စီးပွားရေးလောကမှာ အခြေစိုက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်လေးကို နားထဲမှာ ဇာတ်လမ်းတိုလေး တစ်ခုကို ယခုတိုင် ကြားယောင်နေဆဲပါပဲ။ ဇာတ်လမ်းလေးက တိုပေမယ့် ဇာတ်လမ်းက ပေးတဲ့ အသိပညာကတော့ ဘဝအတွက် တစ်သက်မှတ်စရာလို့ ယူဆမိတဲ့အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘယ်နေရာမှာ ဘယ်ဒေသရောက်ရောက် ကံ၊ ဉာဏ်၊ ဝီရိယကိုသာ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ အသိလေးတစ်ခုလည်း ထပ်မံရရှိလာပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှရမယ်။ ဇွဲ ရှိမှရမယ်။ ဘာကြောင့်ဆိုတာ တွေဝေစရာမလိုပါဘူး။ ဘုရားကျောင်းတစ်ခုမှာ ပညာမတတ်တဲ့လူငယ်တစ်ဦးဟာ ရရာအလုပ်တစ်ခုဝင်လုပ်နေပါတယ်။ သူလုပ်ဆောင်ရတဲ့နေရာကတော့ ဘုရားကျောင်းမှာရှိတဲ့ ခေါင်းလောင်းကြိုးဆွဲရတဲ့ […]