manawphyulayJuly 12, 20111min16313
သူက မုန်းလည်း…. အမုန်းမဖက် မေတ္တာလက်နှင့် ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။ သူက ငြိုငြင်… အပြစ်တင်လည်း ချစ်ခင်ရိုးသား မြတ်စိတ်ထား၍ စကားချိုမြ နှုတ်စကားလှကို ဖွဖွဆိုပါ။ သူက ရန်ရှာ…. ပြုမူပါလည်း ညင်သာသက်သက် ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။ မေတ္တာ၊ သစ္စာ… အနှစ်နာနှင့် ဘယ်ခါမဟူ စိတ်ထားဖြူစွာ နေတတ်ပါမှ သင်၏ဘဝ အေးချမ်းရလိမ့်…… ရေးသားသူ – မနောဖြူလေး