etoneOctober 8, 20101min561
ယနေ့မနက် 8 နာရီကျော်ခန့်အချိန် ၊ ကမ်းနားလမ်း နှင့် သခင်မြပန်းခြံထောင့်တွင် သစ်လုံးတင်ဆောင်လာသောကားနှင့် ဘိလပ်မြေတင်ထားသော ကွန်တင်နာကားတို့   တိုက်မိမှုဖြစ်ပွားခဲ့ပါ သည် ၊၊ သစ်လုံးတင်ကားခေါင်း ပျက်စီးခဲ့ပြီ း ဘိလပ်မြေတင်ကွန်တင်နာ တံခါးနှင့်ဘေးဘက်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။ သေဆုံးမှတစ်စုံတစ်ရာရှိမရှိမှုနှင့် ဒဏ်ရာရမှုများကို စစ်ဆေးဆဲဖြစ်သည် ။ ရုံးသွားရုံးတတ်ချိန်ဖြစ်သဖြင့် ကားလမ်းပိတ်မှုများယခုထိ ဖြစ်နေသေးသည် ။ သစ်လုံးကားကြီးများဧ။် မဆင်မခြင်မောင်းမှူများကြောင့် ကားမှောက်သောသတင်းများမကြာခဏကြားနေရသော်လည်း ဆက်လက်မောင်နှင်ဆဲဖြစ်သည် ။ အလားတူ ကုန်တင်ကွန်တင်နာယဉ်များ စည်းကမ်းမဲ့ ပေ့ါဆစွာမောင်းနှင်သဖြင့်လည်း ကားလမ်းပိတ်ဆို့မှုနှင့် မတော်တဆအဖြစ်ပျက်များရှိနေသေးသည် ။ ကွန်တင်နာယာဉ်များအပြိုင်ဆိုင်မောင်းနှင်မူ နှင့် ဗရမ်ဗတာ ကားရပ်နားမှုများကြောင့် သီရိမင်္ဂလာဈေးအနီးတွင်မနက်ပိုင်းလိုလို ကားလမ်းကြပ်ခြင်းများဖြစ်ပေါ်နေသည် ။