မမေလးOctober 27, 20121min20914
ဒီကိုမရောက်တာ နည်းနည်းကြာသွားတော့ post ဘယ်မှာတင်လဲဆိုတာ မေ့တေ့တေ့ဖြစ်နေလို့ တော်တော်ရှာယူရသေးတယ် 😛 ထောပတ်သီး ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။ ဂျူံမှုန့် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂ဝ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေဝင်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။   ငှက်ပျောသီး ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး […]