တနေ့သ၌ ကျနုပ်သည် ကန်တော်ကြီး ပတ်လမ်းအနီးရှိ ကျနုပ် နေထိုင်ရာ တာမွေဗြဲလျှမ်းခြံကြီးအတွင်း ညနေချိန်ဝယ် နေ့တဒူဝ ကိစ္စများ ဆောင်ရွက်ပြီးသကာလ ခြံအနောက်ဘက် ကပ်လျှက် အလုပ်သမားဆေးရုံကြီး၏ ရေခဲတိုက် တာဝန်ခံ ကိုရင်အံ ပေးလာသော ၃ရက်နှပ် လက်ဘက်ရည်ကြမ်းနှင့်အတူ ယင်းဆေးရုံနှင့်မနီးမဝေး ဗလီရှေ ့ရှိ ညနေခင်းမှသာရနိူင်သော မနက်မရ ပလာတာအား မြိန်ရှက်စွာ စားသုံးပီးနောက် အေးအေးလူလူ စာရေးစာဖတ်ရန်အလို့ငှာ ကျနုပ်ဘဝ၌ ထူးဆန်းအံ့ဩဖွယ်ရာ ကြုံတွေ့ခဲ့ရသော ဤဖြစ်ရပ်မှန် ဇာတ်လမ်းအား နောင်လာနောက်သားတို့ သိစိမ့်သောငှာ အကျဉ်းချုံး၍ ရေးသားတင်ပြလိုက်ရပေသည်။ ကြီးမားသော ဆုံးရှုံးမှု ထိုင်းနိူင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေ တစ်နေရာရှိ ကြီးမား ခန့်ညားလှသော စံအိမ်ကြီး တစ်လုံး၏ လေသာဆောင်တွင် အသက်အရွယ်အားဖြင့် ၅ဝခန့်ရှိ၍ ခန့်ညားချောမောပြီး အနောက်တိုင်းဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင်ထားသော […]