The Angry ManSeptember 4, 20111min15411
ကဲဗျာ နားမလည်ဘူးဆိုတော့လဲ ပြောပြရမှာပေါ့ကွာ။ လွှတ်တော်ရဲ့ဒုတိယ ပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ကို ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်ကမေးပါလေရောဗျို့။ မေးတာက ဒီလိုပါ—ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တောဒေသမှ ၉ဝ ရာခိုင်နှုန်းခန့်ရှိသောဒေသခံများသည် ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကိစ္စများအတွက်ရန်ကုန်မြို့သို့ခရီးသွားလိုလျှင် ဘူးသီးတောင်၊မောင်တောဒေသမှ စစ်တွေသို့ရောက်အောင် တရားမဝင်ပေးရငွေ ကျပ်၃သောင်းခန့်ကုန်ကျပြီး စစ်တွေမှရန်ကုန်မြို့သို့ရောက်အောင် တရားမဝင်ပေးရငွေကျပ် ၄သိန်းကုန်ကျနေပါသဖြင့် ထိုကိစ္စကို ပပျောက်အောင် နိုင်ငံတော်အစိုးရအနေဖြင့်မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းမေးခွန်းကို ပြန်ဖြေတာကိုကြည့်ပါတော့ဗျ။ ဖြေသူက ပြည်ထောင်စုဝန်ကြီးဦးခင်ရီပါ လာဘ်ပေးလာဘ်ယူပြုလုပ်ပါကတိုင်ကြားနိုင်ကြောင်းကို (၁)လက်ကမ်းစာစောင်များသန်းနှင့်ချီ၍ဖြန့်ဝေအသိပေးခြင်း (၂)လူသိရှင်ကြားကွင်းဆင်းအသိပေးဟောပြောခြင်း (၃)မြဝတီ၊မြန်မာ့အသံတို့ တွင်တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီး တိုင်ကြားနိုင်သည့် တယ်လီဖုန်း၊ဖက်စ်များကိုတရားဝင်အသိပေးခြင်း (၄)ဂျာနယ်မဂ္ဂဇင်းများတွင်ဖော်ပြခြင်း (၅)ဌာနပိုင် website လွှင့်တင်ခြင်း ခုပြောသွားတဲ့အချက် ငါးချက်လုံးအားလုံးကောင်းတယ်ကွ။ ဒါပေမယ့်ခက်တာက နိုင်ငံတော်ရဲ့လွှတ်တော်အဆင့်မှာတောင် website လိပ်စာပေးမသွားဘူးကွာ။ စဉ်းစားကြည့်စမ်းပါကွာ။ အဲဒါကြောင့် တိုင်မယ့်လိပ်စာရပီ၊ပို့မယ့် ဖက်စ်နံပတ်ရပီ ဝမ်းသာတော့လို့ရွဲ့ပြောတာကို ငနာတကောင်က လိပ်စာမပါဘူးလာပြောနေတယ်။ […]