မောင်းတောသတင်းအမှန်ဖတ်ကြမယ် အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်းမဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။ မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို ့ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာအားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါကအဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌ […]