အနုပညာရှင်တစ်ယောက်ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတစ်ယောက်ဖြစ်သည့် 7 Day News Journal မှ သတင်းထောက်မအေးသူစံတို့၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အများပြည်သူသိရှိစေရန် တင်ပြလာခဲ့သည့် စာနယ်ဇင်းများဖြစ်သည့် The Voice Weekly နှင့် The First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ခေတ္တဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်ကြောင်းကို ယနေ့(၂၃-၅-၂၀၁၀)တွင် အဆိုပါဌာန၌ အတည်ပြုကြေငြာထားကြောင်းသိရသည်။