ဦးသုOctober 5, 20121min26817
ကျိုက်ထီးရိုး ဘုရားဖူး ရာသီရောက်လာလို့ မနှစ်က ကျိုက်ထီးရိုးသွားရင်း ကြုံခဲ့ရတဲ့ အဖြစ်လေးပြောပြချင်လို့ ရေးလိုက်တာပါ။ ကျွန်တော်တို့မိသားစု က ကျိုက်ထီးရိုး ဘုရားဖူး  နှစ်တိုင်းထွက်တယ်။ မနှစ်က တော့ လူတော်တော်များတယ် မိန်းမဖက်က အမျိုးတွေနဲ့ အိမ်နားက ကလေးတွေရော အားလုံး ကလေးလူကြီးစုစုပေါင်း နှစ်ဆယ့်သုံးယောက်ရှိတယ်။ လိုက်ထရပ် တစ်စီး ငှားပြီးသွားကြတာပေါ့ ကင်မွန်းစခန်းလဲ ရောက်ရော ဆီမီး ကိုးထောင်လာကပ်တဲ့ သိမ်ကြီးဈေး အဖွဲ့နဲ့ တိုးပါလေရော။ကျွန်တော်တို့ က  ၃ လပိုင်း ကလေးတွေစာမေးပွဲ ပြီးလို့ လူလဲချောင်တယ်ဆိုပြီးသွားတာ ဟိုကိုလဲရောက်ရော တောင်ပေါ်တက်တဲ့ ကားကို မနည်းလုတက်ရတယ် ။ နောက်ပြီး ကျွန်တော် တို့ အဖွဲ့မှာ အသက် ၈ဝ ရှိတဲ့ အဖွားတစ်ယောက်ပါတော့ ပိုဆိုးတာပေါ့။ အဲဒါနဲ့ ရင်ပြင်တော်ပေါ်ကိုရောက်သွားပါလေရော။ […]