မြန်မာပြည်သူပြည်သားတွေရဲ့မမေ့အပ်တဲ့ မမေ့နိုင်တဲ့နေ့ထူးနေ့မြတ်တခုဖြစ်တဲ့အာဇာနည်နေ့ ကြီးပြီးဆုံးသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း၆ရနှစ်တုန်းကပြည်သူတွေ တကယ်ကြေကွဲခွင့် နာကျင်ခွင့် မျက်ရည်များနဲ့ ဖြည်မဆည်နိုင် နိုင်ငံအရေးရင်လေးစွာနဲ့ ယူကြုံးမရ အံကိုသာကြိတ်ပြီး နီးရာ နံရံ တွေကို လက်သီးနဲ့တဝုန်းဝုန်းနဲ့ထိုးပြီး ကိုယ့်စိတ်ကိုဖြေသိမ့်ခဲ့ကြရပါတယ်။ ဗိုလ်ချုပ်သာခုနေရှိခဲ့ရင်ကွာ ဆိုတဲ့စိတ်နဲ့ မြန်မာပြည်သားတွေဟာ အစိုးရဆိုးတွေ ရဲ့အုပ်ချုပ်မူ့အသီးသီးအောက်မှာ ရေရွတ်ပြီး ခရီးဆက်ခဲ့ရတဲ့အဖြစ်ကိုရောက်ခဲ့ရတယ်။ အစိုးရအဆက်ဆက်ကလည်း သူတို့ထက်ကျော် ပြီးဗိုလ်ချုပ်ကိုတမ်းတသံတွေအစဉ်အဆက်ကြားနေ ရမြင်နေရပေမဲ့မသိကြိုးကျွံပြုခဲ့ကြတယ်။ အာဇာနည်နေ့ကိုဖျောက်ပစ်ချင်သည့်တိုင်ဖျောက်ပစ် လို့မရနိုင်တာကြောင့် လူထုပုံရိပ်မှာမှေးမှိန်လာအောင် တဖြည်းဖြည်းလုပ်လာခဲ့ကြတယ်။ ၁၉၉၂လောက်ကစပြီးနိုင်ငံအကြီးအကဲတာဝန်ယူသူ တွေဥပက္ခာပြုခဲ့ကြတယ်။ ဥဩတွေမဆွဲပေးတော့ဘူး။ လူထုတွေကိုအာဇာနည်တွေနဲ့ဝေးသထက်ဝေးအောင် နည်းလမ်းပေါင်းစုံနဲ့ခွဲထားလိုက်ကြတယ်။ တနည်းအာဇာနည်ကြီးတွေရဲ့ဝိဉာည်ကိုပါချုပ်ထား လိုက်ကြတယ်။ ဒါပေမဲ့ပြည်သူတွေရဲ့စိတ်ထဲကရင်ထဲက အာဇာ နည်တွေကိုသတ်လို့ခွဲထားလို့ချုပ်ထာလို့မရနိုင်ခဲ့ဘုး။ ဒီနေ့ဒီမိုကရေစီအစိုးရစနစ်ထူထောင်ရာမှာ ပြည်သူတွေကအဓိကဆိုတာကိုသိမြင်လာခဲ့ကြ လက်ခံလာခဲ့ကြပုံပေါ်လာတယ်။ ပြည်သူတွေအထွတ်အမြတ်တန်ဖိုးထားတာကို လက်ခံနိုင်ဖို့ကြိုးစားလာခဲ့ကြတယ်။ ၂၀၁၃ မနှစ်ကစပြီးမသိမသာ အာဇာနည်နေ့ မှာစစ်ဖက်ကထိပ်တန်းအဆင့်ရှိသူတွေတက်ရောက် အလေးပြုစပြုလာရာကနေ ဒီနှစ်မှာထူးထူးခြားခြား ကြံ့ခိုင်ရေးပါတီဥက္ကဌ တက် ရောက်ဂါရဝပြုခဲ့တာတွေ့ရပါတယ်။ […]