Khaing KhaingMarch 16, 20121min42555
ဒီနေ့မနက် ရုံးလာခါနီ သနပ်ခါးကို ကံ့ကော်ဝတ်ဆံမှုံလေးတွေနဲ့ရောကာ အားရပါးရသွေးပြီး လိမ်းခါနီး အတွေးတစ်ခုဝင်လာတယ် …. ဒီနေ့ သနပ်ခါး အကြောင်းလေးတစ်ခုကို ရွာသူရွာသားတွေကို ပြောပြချင်လာတယ် ….. သနပ်ခါးအကြောင်း ဆိုတာထက် ကျွန်မကြိုက်နှစ်သက်တဲ့အကြောင်းကို ပြောချင်တာပါ ……… အိမ်မှာ မေမေက ကံ့ကော်ပွင့်ချိန်ဆို နှစ်တိုင်းလိုလို ကံ့ကော်ပန်းတွေကို ဘုရားတင်လေ့ရှိတယ်…  ဘုရားမှ စွန့် ပြီးရင် အခြောက်ခံပြီး ကျွန်မတို့သနပ်ခါးလိမ်းချိန်ဆို ဝတ်ဆံမှုန်လေးကို အရင်သနပ်ခါးတုန်းနဲ့ မှုန့်ညက်အောင်ကြိတ်ပြီးမှ ရေထည့်ပြီးသွေးလိမ်းလိုက်တယ် … ကံ့ကော်ဝတ်ဆံမှုန်လေးတွေနဲ့သွေးထားတဲ့သနပ်ခါးကို မျက်နှာပေါ်ကို စလိမ်းချိန်မှာ ရရှိလိုက်တဲ့ မွှေးရနံ့ကြောင့် ကျွန်မစိတ်ထဲ အရမ်းကိုစိတ်ကြည်နူးလန်းဆန်းမိတယ် ……. အခုစာရေးနေချိန်မှာတောင် ကျွန်မမျက်နှာက သနပ်ခါးနံလေးတွေရနေတာကြောင့် စာရေးတာကို ပိုမိုအားဖြည့်ကူညီသလိုဖြစ်မိတာအမှန်ပါ …. ကျွန်မ ရ တန်းကျောင်းသူဘဝတုန်းက  ကျွန်မကျောင်းသွားဖို့အချိန်ကို ၂နာရီလောက်ယူရတယ် …. […]