True FaithJuly 27, 20101min2005
အိနိ္ဒယနိုင်ငံ သမ္မတ Pratibha Patel က မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သူ၏ အိမ်တော်ဝင်းတွင် ယနေ့ နံနက် ၉ နာရီက လက်ခံတွေ့ဆုံခဲ့သည်။ အိနိ္ဒယနိုင်ငံ၏ မြို့တော်နယူးဒေလီမြို့လည်တွင် တည်ရှိသည့် သမ္မတအိမ်တော်ဝင်းတွင် ကော်ဇောနီခင်းကာ မြန်မာစစ်ခေါင်းဆောင်အား တခမ်းတနား ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့်လည်း သမ္မတ အိမ်တော်ဝင်း၌ ဆက်လက်တွေ့ဆုံခဲ့သည်။ ထို့ပြင် အိနိ္ဒယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh နှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ယနေ့ ညနေ အိနိ္ဒယစံတော်ချိန် ၄ နာရီတွင် အစိုးရ ဧည့်ဂေဟာ Hydrabad House တွင် တွေ့ဆုံကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ […]