etoneMay 28, 20121min35129
ဒီလပိုင်းအတွင်း ရုံးတက်တိုင်း မြင်နေရတဲ့ မြင်ကွင်းကတွေ့နေကြဖြစ်နေပေမယ့် ။ ကျွန်မအတွက်တော့ မြင်လေတိုင်း အမည်မသိတဲ့ စိတ်ခံစားမှုတစ်ခုခု ဖြစ်နေသလိုပါပဲ ။ ကားဖြတ်သွားတိုင်းတွေ့နေရတဲ့ သူတို့မျက်နှာတွေမှာ မျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့ ။စိုးရိမ်မှုတွေရောယှက်နေတဲ့ မျက်လုံးတွေထဲ သောကတွေလည်း တစွန်းတစနဲ့ ။ နေပူမရှောင် ၊ မိုးရွာမရှောင် ပိတ်ထားတဲ့ စက်ရုံတံခါးဝအနီး ဟိုတစ်စု ဒီတစ်စု ရပ်သူကလည်းရပ် ၊ ဖိနပ်လေးတွေင် ဖင်ခုထိုင်လျက်စောင့်သူကလည်းစောင့်နဲ ့ မမောနိုင် မပမ်းနိုင်အောင်ပါပဲ ။ အားလုံးရဲ့ အကြည့်ကတော့ စက်ရုံဘက်ဆီက ပိတ်ထားတဲ့ သံတခါးဆီကိုပါ ။ တစ်ခုခုကို စောင့်စားနေတဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတာ ကျွန်မရိပ်မိခဲ့ပါတယ် ။ ယခုနှစ်များအတွင်း စက်ရုံ အလုပ်ရုံများတွင် ဆန္ဒပြခြင်းသည် အတော်ပင်ခေတ်စားနေခဲ့ပါတယ်။ စက်ရုံအများပြားတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်ပျက်တစ်ခုလို့တောင် သတ်မှတ်လို့ […]