Zaw WonnaJanuary 13, 20121min18010
uscampaignforburma.org ဒီနေ့ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးနီးပါး လွတ်မြောက်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ အစိုးရ ပီသဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ မြင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသား ကိစ္စက နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့လည်း ဆက်စပ်နေတာမို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မလုပ်မဖြစ်တဲ့ ကိစ္စတစ်ခုပါ။ အခုတော့ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အချက်တစ်ခု ပြည့်ဝသွားတဲ့အတွက် အားလုံးဝမ်းသာကြမှာပါ။ ကျနော့်အတွက်တော့ အမေစုလွတ်တဲ့နေ့ရယ်၊ ဧရာဝတီရေကာတာ စီမံကိန်း ရပ်နားကြောင်း ကြေညာတဲ့နေ့ရယ်၊ ဒီနေ့ရယ်က နှစ်ပေါင်းများစွာအတွင်း အပျော်ဆုံး နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာက အခုလွှတ်ပေးတဲ့ ဥပဒေ ပုဒ်မ […]


Zaw WonnaDecember 29, 20111min811
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၇၄ – ၁၉၈၈) ၁၉၇၄၊ မတ်လ ၂ ရက်။   ။ တော်လှန်ရေးကောင်စီက သိမ်းပိုက်ရယူထားသော နိုင်ငံတော် အချုပ်အခြာအာဏာကို နိုင်ငံတော်ကောင်စီ ဥက္ကဌ ဦးနေဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၇၄၊ ဇွန်လ ၆ ရက်။   ။ အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့် အထည်စက်၊ အုတ်ကျင်း ဂုံနီစက်၊ ဆင်မလိုက် သင်္ဘောကျင်းတို့မှ စတင်ကာ အလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။ ၁၉၇၄၊ ဇွန်လ ၁၈ ရက်။   ။ လက်နက်ကိုင် သောင်းကျန်းသူများအား အမြစ်ပြတ် ခြေမှုန်းနိုင်ရန်အတွက် ဖြတ် (၄) ဖြတ် အစီအစဉ်ကို တရားဝင်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့သည်။ ၁၉၇၄၊ ဇွန်လ […]


Zaw WonnaDecember 29, 20111min770
တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ – ၁၉၇၄) ၁၉၆၂၊ မတ်လ ၂ ရက်။   ။ နံနက် (၂) နာရီမှ စတင်ကာ ဝန်ကြီးချုပ်ဦးနုနှင့် တကွ နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ နံနက် ၈ နာရီ၊ ၂၅ မိနစ်တွင် မြန်မာ့အသံက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၁၉၆၂၊ မတ်လ ၃ ရက်။  ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တရားဝင် ရွေးကောက် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ကို ဖျက်သိမ်းကြောင်း တော်လှန်ရေးကောင်စီက ကြေညာခဲ့သည်။ ၁၉၆၂၊ မတ်လ ရ ရက်။   ။ တော်လှန်ရေးကောင်စီ၏ […]


Zaw WonnaDecember 25, 20111min641
အိမ်စောင့် အစိုးရခေတ် (၁၉၅၈ – ၁၉၆၂) ၁၉၅၈၊ စက်တင်ဘာလ ၂၆ ရက်။   ။ ညဘက်တွင် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာလွှဲအပ်ကြောင်း မြန်မာ့အသံမှ အရေးကြီးမိန့်ခွန်းအဖြစ် ကြေညာခဲ့သည်။ ၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်။   ။ ဗကသ၊ ရကသ၊ တကသတို့က ကြီးမှုးပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးတွင် အမှုဆောင်များ ဆွေးနွေးကြကာ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၁၉၅၈၊ စက်တင်ဘာလ ၃ဝ ရက်။   ။ ကျောင်းသားသမဂ္ဂ ကြီး (၃) ခုက ဦးစီးပြီး ကျောင်းသားထု အစည်းအဝေးတရပ် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးတွင် ထပ်မံကျင်းပခဲ့သည်။ ထို့နောက် ဘတ်စ်ကား (၂၆) […]


Zaw WonnaDecember 23, 20111min862
ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၅၈) ၁၉၄၈၊ ဇန္နဝါရီလ ၄ ရက်။   ။ နံနက် ၄ နာရီ ၂ဝ မိနစ် အချိန်တွင် မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာကို ကြေညာခဲ့သည်။ ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးပြီး သမ္မတအဖြစ် ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်အဖြစ် သခင်နုက တာဝန်ယူခဲ့သည်။ ၁၉၄၈၊ ဇန္နဝါရီလ ၈ ရက်။   ။ ပထမဆုံး အကြိမ်အဖြစ် တိုင်းပြုပြည်ပြုလွှတ်တော် ပါလီမန် အစည်းအဝေးကို ကျင်းပခဲ့သည်။ ၁၉၄၈၊ ဇန္နဝါရီလ ၂ရ ရက်။   ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း […]


ဦး ဂ်စ္November 8, 20111min1486
မသေသောမြို့တော်ဟူသည် ခေတ်အဆက်ဆက်ပြောင်းလဲ၍ နှစ်ပေါင်းများစွာကြာမြင့် သော်လည်း မြို့၏အမည်နှင့် ပထဝီအနေအထားတို့မှာ မပျောက်မပျက်ဘဲ မူလအမည် နှင့် မူလပထဝီရေမြေအတိုင်း ထင်ရှားတည်ရှိနေသောမြို့ကို ဆိုလိုပါသည် ။ သုတေသီများ၏အဆိုအရ မသေသောမြို့များမှာ ကမ ္ဘာ့နိုင်ငံများ အားလုံးတွင် (၃)မြို့ရှိ သည်ဟု သိရပါသည်။ ၎င်းမြို့များမှာ (၁)- ဆီးရီးယားနိုုင်ငံမှ ဒမတ်စကတ်မြို့ ၊ (၂)- အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့ ၊ (၃)- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွါရာဝတီမြို့   တို့ဖြစ်ကြောင်း မှတ်သားရပါသည် ။ ဒွါရာဝတီမြို့သည် စာရေးသူ၏ သံတွဲမြို့ ပင်ဖြစ်ပါသည်။ သံတွဲမြို့ ဟု ယ္ခုအချိန်မှာ ေခေါ်ဝေါ်သုံးစွဲနေပါသော်လည်း  “ဒွါရာဝတီ” ဟူသော အမည်နာမသည် မပျောက်ပျက်ပါ ။ ဒွါရာဝတီမြို့သည် ကဿပမြတ်စွာဘုရားသခင်၏ လက်ထက်တော်မှစ၍ ဂေါတမ မြတ်စွာဘုရားသခင်၏ […]