snow whiteJuly 19, 20121min20219
အမေ မေမေနေကောင်းလား ချစ်သမီးလေး စာရေးပေးလိုက်ပါတယ် မေမေ  ချစ်သမီးလေး အလုပ်လည်းအဆင်ပြေပါတယ်။  သင်တန်းတက်ရတာလည်းအဆင်ပြေပါတယ် ။မေမေ မေမေ ့ မေတ္တာ ငတ်မွတ်တာကလွဲလို့  ကျန်တာ အကုန်ပြည့်စုံပါတယ် မေမေ… မေမေကိုအရမ်းလွမ်းမိတယ်မေမေ။   ငယ်ဘဝလေးကိုလည်းပြန်လိုချင်နေမိတယ် မေမေ… နယ်မှာနေခဲ့ရတဲ့ အချိန်လေးတွေပြန်လိုချင်မိတယ် မေမေရယ်။။ ချစ်သမီးလေး ဒီစာရေးနေတဲ့အချိန်က မေမေကို ပိုလို့ပိုလို့ လွမ်းနေတယ် မေမေ ရန်ကုန်မြို့မှာမှ အလုပ်မရရင် ဘယ်အလုပ်မှာမှ မလုပ်ဘူးဆိုတဲ့မေမေရဲ့ ချစ်သမီးလေး အလုပ်ရလို့ ရန်ကုန်မြို့ကိုရောက်ရှိခဲ့တာ ဒီနေ့နဲ့ဆို  တစ်နှစ်နဲ့ နှစ်လပြည့်ပြီပေါ့မေမေရယ် မေမေ့အနားကိုလည်း ပြန်မလာနိုင်ခဲ့တာ တစ်နှစ်နဲ့နှစ်လပါဘဲ မေမေရယ်….. အဝေးတစ်နေရာကနေ ပိုက်ဆံလေးပို့လိုက် ဖုန်းလေးဆက်လိုက်နဲ့နေခဲ့ရတဲ့ အဖြစ်လေးပါ   ပြေးကြည့်မှ အမေတစ်ခုသမီးတစ်ခု ဆိုသလို ဘဝလေးအဖြစ်ကနေ ချစ်သမီးလေး ကမေမေ့အနားမှာမနေနိုင်ဘဲ ရန်ကုန်မြို့မှာမှ အလုပ်အကိုင်တွေလည်းများတယ် လစာကောင်းလည်းရတယ်  […]