Zay YaApril 3, 20151min923
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စသည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ ၁ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ခြင်းြဖစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် အဆိုပါအဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ ဆွေးနွေးသည့် အကြောင်းအရာများအား အကျဉ်းချုပ်အဖြစ် ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “အဲဒီအဖွဲ့ကို သမ္မတကြီး ရှင်းပြတာကတော့ ဒီကနေ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ နောက်တစ်ခုက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး […]