ယခုပဲ ရန်ကုန်တိုမ်းကနေဖတ်လိုက်ရလို့ ပြန်လည်ဖောက်သည်ချခြင်းပါပဲ…မူရင်းလင့်ကတော့…. …http://yangonmedia.com/news/2012/05/myanmar-persdent-speech-meeting-and-instruation… “ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ယနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကိုလိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေအဆင့် ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊တိုင်းဒေသကြီး ၊ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာကို မကြိုက်တော့ဘူး ဆိုတဲ့ အနေအထားကို ပြသခြင်းဖြစ်ပါတယ်။ဒါကြောင့် Reform ကိုထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။” ဟုတ်ကဲ့…သမ္မတကြီးခင်ဗျား…ပြုပြင်ပြောင်းလဲရေးများကို အောက်ခြေ အဆင့်မှ စ၍ ထိထိရောက်ရောက် ပြောင်းလဲကြမယ်ဆိုရင် ကျတော်တို့ ပြည်သူလူထုကလည်း ဝမ်းသာအားရ ဂုဏ်ယူစွာနဲ့ အားပေးထောက်ခံပါတယ် ခင်ဗျား… “ရှေးကကဲ့သို့ ပြည်ထောင်စုအစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖေါ်တဲ့ ပုံစံအစား ကိုယ့်ဒေသဖွင့်ဖြိုးဖို့ ကိုယ်တိုင်လေလာကြံဆ ကြိုးပမ်းပြီး  […]