Ma EiMay 28, 20132min30426
သရက်သီးကိတ်လေးပါ… ခုရက်ပိုင်း သရက်သီးတွေ လက်ဆောင်ရထားလို့ ဒီတိုင်းစားနေရာက အဆန်းထွင်ပြီး ကိတ်မုန့်ထဲထည်လို့ သရက်သီးကိတ်လေး လုပ်လိုက်ပါမယ်။ ကိတ်သားကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းကို သရက်သီးတုံးလေးတွေ ထည့်အလှဆင်လိုက်တာပါ။ သရက်သီးတုံးလေးတွေ အတွက် နဲနဲမာတဲ့ သရက်သီးကိုသုံးသင့်ပါတယ်။ ပထမဦးဆုံး မုန့်ဖုတ်မည့် ခွက်ထဲကို သကြား 1ဇွန်း၊ထောပတ် 1 ဇွန်းလောက်ထည့်ပြီး အပူပေးပါ။ သကြားပျော်ပြီးအရောင်ရင့်ရင့် လေးဖြစ်တဲ့အထိပါ…ပြီးရင် မီးဖိုပေါ်ကချ၊ အေးသွားရင် သရက်သီးတုံးလေးတွေ ထည့်ထားလိုက်ပါ…   ကိတ်တစ်လုံးစာ မုန့်ရည်အတွက်ပါဝင်ပစ္စည်းတွေ… 1…ဂျုံ 5 tbsp 2…baking powder 1 tsp 3…သကြား  4 tbsp 4…ထောပတ်(ဂီး)  3 tbsp 5…နွားနို့  3 tbsp 6…ကြက်ဥ 1 လုံး  လိုအပ်ပါတယ်… ခွက်တစ်ခုအတွင်းမှာ […]