မနေ့က အိတုံ ပို့စ်ကို သေချာဖတ်ဖြစ်တယ်။ သူတွေးနိူင် ရေးနိူင်တာလေးကို သဘောကျမိပါတယ်။ ဘယ်လိုဘဲ ဖြစ်နေပါစေ ကျနော်တို့ ပတ်ဝင်းကျင်ကို ကျနော်တို့ တည်ဆောက်ရပါတော့မယ်။ သူ့ပို့စ်မှာ ကွန်းမင့်ရေးကာနီး ဦးနေးချား ပို့စ်လဲတွေ့မိတော့ ဆက်စပ်မှုရှိလို့ ထပ်ပီးဖတ်ဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ အလုပ်သွားကာနီး ထုံးစံအတိုင်း အခန်းကထွက်ရင် အမှိုက်ထုပ်က ပါစမြဲမို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။ ဒီနေရာမျာ စနစ်တွေ မူတွေ လူတွေ ဘာကိုဦးတည်ရမလဲ ကွဲပြားစေချင်ပါတယ်။ ခက်တာက လွယ်လွယ်လေးကို ကျနော် တို့ဆီက လူတွေ မလိုက်နာကြခြင်းပါဘဲ။ အလွန် စိတ်ကုန်စရာ ကောင်းပါတယ်…. မှတ်မှတ်ရရ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်ရောက်တော့ ကျောက်မြောင်းထဲက ကျနော့် သူငယ်ချင်းအိမ် သွားလည်ပါတယ်။ စကားပြောနေရင်း ချောင်းဆိုးလို့ ချွဲဟပ်မိတော့ တံတွေး ထွေးချင်လာပါတယ်။ […]