ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်အတွင်း ရွာကို ပြန်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရဲမ က နောက်ကျောကို လက်နဲ့ ရိုက်လွှတ်လိုက်တဲ့ အဖြစ်ကို ကြုံခဲ့ရတာပဲ။ ကျုပ်ကို ရိုက်လွှတ်လိုက်တာ မဟုတ်ဘူးနော်။ ကျုပ်လုပ်ရင် ပြန်ပြီး လုပ်ပစ်လိုက်မှာပေါ့။ သရဲမ ဆိုတော့ကာ နပန်းဖတ်လုံးရင်တောင် ဟောဒီကောင်ကြီးက အနိုင်ရမှာပဲ … ထင် .. ပါ .. တယ် …။ :mrgreenn: ဖြစ်ပုံက ဒီလိုဗျ။ ရွာက ကျုပ် ဘော်ဒါ တစ်ယောက်ပေါ့ဗျာ။ သူက သူ့မိန်းမနဲ့ ရွှေစက်တော်၊ ပုဂံညောင်ဦးကို ခရီးသွားခဲ့တယ်။ သူ့အဖေလည်း အပါအဝင်ဆိုတော့ကာ စုစုပေါင်း သားအမိ သားအဖ သုံးယောက်ပေါ့ဗျာ။ ဂျစ်ကားလေးနဲ့ ခရီးထွက်ကြတာပါ။ သူ့အဖေနဲ့ သူနဲ့က တစ်ယောက်တစ်လှည့် ကားမောင်းပေါ့။ […]


++++++++++++++++++++++++++++++++++ ရွာတစ်ရွာ တည်ပြီဆိုရင် “စုန်း” ဆိုတဲ့ အမျိုးကလည်း မပါမပြီးလို့ ကြားဖူးပါတယ်။ ရွာတိုင်းမှာလည်း စုန်း ရှိကြတယ်။ သာမာန် ကြည့်ရင်တော့ စုန်းမှန်း ဘာမှန်း မသိနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် … အတွင်းသိတွေကတော့ဖြင့် ဘယ်သူကတော့ဖြင့် စုန်းပဲ ဆိုပြီး သိကြသပေါ့။   အချို့ကတော့ “ဝမ်းတွင်းစုန်း” မျိုး။ မွေးကတည်းက စုန်းအတတ်ကို တတ်လာကြတဲ့လူတွေလို့ ဆိုပါတယ်။ အချို့ကတော့ သင်ပြီး တတ်လာတဲ့ “သင်တတ်စုန်း” ပေါ့ဗျာ။ စုန်း အကြောင်း ပြောရရင်တော့ အများကြီးပါပဲ။ ဒါပေမယ့် အခုဟာက စုန်း အကြောင်း မဟုတ်တဲ့အတွက် ဋီကာ မချဲ့တော့ပါဘူး။ ဒီတော့ကာ ဒီလောက်ပဲပေါ့ဗျာ။   ပြောမှာက သရဲမွေးတဲ့ အကြောင်း ….။ တိတိကျကျ […]


ကျုပ်တို့ရွာမှာဗျာ …. ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျုပ်အဖိုးရဲ့ အကို ဖြစ်သူပါ …. ကျုပ်နဲ့ ဘယ်ပုံဘယ်နည်း တော်တုံးတော့ မသိဘူး။ အမျိုးတော့ တော်တယ်။ ကျုပ်ကတော့ အဲဒီလူကြီးကို ဘကြီးအရွယ်မို့ ဘကြီးတင်ဆောင်လို့ပဲ ခေါ်သဗျ။ အဲဒီ လူကြီးက သရဲတစ္ဆေ ဆိုတာကို နည်းနည်းမှ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ သူ မကြောက်တတ်ပုံကို ကျုပ်နည်းနည်း ပြောပြမယ်။ တစ်ခါကပေါ့ …။ ဘကြီးတင်ဆောင် တစ်ယောက် လွယ်အိတ်ကြီး တစ်လုံးလွယ်ပြီး တောထဲကို ဟင်းစားရှာဆိုပြီး ထွက်သွားခဲ့တယ်။ ဟင်းစားဆိုတာက အသားကောင် သွားရှာတာ မဟုတ်ပါဘူး။ တောထဲကို ဟင်းချက်စားလို့ရတဲ့ […]


ကျနော်တို့ ရွာမှာပေါ့ …။ ဦးထွန်းမြင့် ဆိုတဲ့ လူကြီး တစ်ယောက်ရှိတယ်။ ရွာရဲ့ ညနေခင်း အချိန်တိုင်းမှာ ဦးထွန်းမြင့်တို့ အိမ်ကို လာနေကျ လူတစ်ယောက်လည်း ရှိတယ်။ သူက ဦးနီ …။ ညနေဆိုရင် ဦးနီ က ဦးထွန်းမြင့်ရဲ့ အိမ်ကိုလာပြီး ရေနွေးသောက်ရင်း စကား စမြည် ပြောလေ့ ရှိပါတယ်။ ဦးနီ တစ်ယောက် နေထိုင် မကောင်းဖြစ်တဲ့ အချိန်မှာ ဦးထွန်းမြင့် တစ်ယောက်တည်း ဖြစ်နေပါတယ်။ အင်း .. မောင်နီ တစ်ယောက် နေမကောင်းလို့ များလား မသိပါဘူး … ဆိုပြီး ဦးထွန်းမြင့် မျှော်နေမိတာပေါ့။ အဲလို ဦးနီ နေမကောင်း ဖြစ်ပြီး တစ်ပတ် ကျော်ကျော်လောက် အကြာ တစ်ခုသော […]


သတိ သရဲခြောက်နေသည် … ဗြဲ   မနေ့ကပေါ့ …. ။ ကျနော် အံစာတုံး အလုပ်ကနေ အိမ်အပြန်ခရီးမှာ ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးရင်းငေးရင်းနဲ့ ပြန်လာခဲ့တယ်။ လမ်းခုလတ် အရောက်မှာ သောက်စည်းကမ်းမရှိတဲ့ လူတစ်ယောက်ကောင်းမှုကြောင့် လမ်းပေါ်မှာ ပက်လက်လန်နေတဲ့ ငှက်ပျောခွံကို ကျနော့် ခြေထောက်က မျက်စိမှောက်ပြီး တက်နင်းမိပါလေရော … ။ ငှက်ပျောခွံပေါ် နင်းမိရာက အစပြုလို့ ကျနော် ချော်လဲကျခဲ့တယ်။ ဒီထက်ဆိုးတာကတော့ နောက်စေ့နဲ့ ကတ္တရာလမ်းနဲ့ မိတ်ဆက်ပြီး တစ်ခေါင်းလုံး မှောင်မိုက်သွားခဲ့တာပါပဲ … ။ ကျနော် အရာရာကို ထင်ထင်ရှားရှား ပြန်မြင်လာတဲ့အချိန်မှာတော့ အင်တာနက်ဆိုင် တစ်ခုရဲ့ ရှေ့မှာ ရောက်နေပြီ။ အဲဒီဆိုင်က ကျနော် သုံးနေကျ အင်တာနက်ဆိုင်။ အိတ်ကပ်ထဲ ငုံ့ကြည့်လိုက်တော့ […]


ムラカミFebruary 24, 20121min17813
ဂီ ခုတလော ကံနိမ့်နေသလား မသိ… တခြား မကြည့်နဲ့ ရွာထဲ မှာ ပဲကြည့် … ဒါ့ပုံကိစ္စများပြောပါတယ်… ကျုပ် ရိုက်သမျှ ဝိုင်းဟားခံရ၏ .. 😀 စိုင်ပစ်တော့ နှူးဘာ တဲ့ … ပန်းတွေ ရိုက်တော့ ဂျော်လကီ …တဲ့ ကိုယ့်ကိုကိုယ် ရိုက်တော့ မားကတ္တိန်း လုပ်တာတဲ့ … နောက်ဆုံး ကီးဘုတ်ပေါ်က ကီး ရိုက်တာတောင် ဝိုင်း အစ ခံ မလွတ်… တကယ်က ကျနော် ဖြစ်ချင်တာက လန်စကိတ်ပါ ….ပါ သတင်းထောက် တပိုင်း လုပ်ရမယ့် သတင်းဒါ့ပုံ … အမျိုးအစား တော့ သိပ် စိတ်မဝင်စားပါ.. (ပါပရာဇီ တော့ ဖြစ်ချင်သား. .. […]


ムラカミFebruary 22, 20122min27436
အင်း… ခုတလော မောင်ဂီ မက်ခရို အရူးထနေပြီး တမလွန် ကို ပဲချောင်းချောင်းနေမိတော့… တိုကီနာ ငါးမျက်စိလေး ခမျာ မျက်နှာငယ်ရှာမယ်ထင်ပါ့ ….     မောင်ဂီ က ဒီက ရွှေ အသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်တာ မဟုတ်ဘူးရယ်…. ကိုယ့် အလုပ်နဲ့ ကိုယ် ရှုပ်နေတာ ဆိုတော့ …အားတဲ့အချိန်လေး ဝါသနာပါရာ မလုပ်ရမှာလည်း စိုးရိမ်လေတော့ …. သည်က အမျိုးမျိုးအထွေထွေသော ဗီဇာဖြင့် မှီတင်း နေထိုင်ကြကုန်သော ရွှေ တွေကြား မဝင်ဖြစ်…..   ပြောပါတယ်…. တနေ့သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပါတယ်ဆို … (ကျနော့် ဂစ်တာဆြာ တယောက် ပြောလေ့ရှိတဲ့ စကားပါ. ..ကျနော့် အုန်းကျုံးမဟုတ် ဆြာ့တောင် သတိရသွားဘီ..)   သည်က မြန်မာ ဒါ့ပုံဆြာ ၃ယောက် လောက်ပဲ […]


ဒီကောင်ကြီးကိုချောင်းနေတာကြာပြီ ဒီကောင်ကြီး လာသမျှလူ ပြသနာရှာနေတာ တွေ့လို့ကတော့ လေးခွနဲ့ကိုမျက်လုံးတည့်တည့်ဆော်ထည့်လိုက်မှာ နပမ်း ဖက်လုံးရင်လုံးရပေ့စေ တွေ့ချင်နေတာ။။။။ ဒီကောင်ကြီးက ကျွန်တော်နေတဲ့သနပ်ပင် မြို့လေးရဲ့ မြို့ရှောင်လမ်းဘေး ဒဏ္ခိဏသာခါ ဘုရားကြီးနားကညောင်ပင်ကြီးမှာနေတယ်ဗျ ဘုရားကြီးဝင်းထဲကိုဝင်ဘို့ ငါကန် ချင်းဆက်ထားတဲ ကွန်ကရစ်တံတားလေးကိုကျော်လိုက်ရင် ဒီကောင်ကြီးနေတဲ့နေရာကိုမြင်ရပြီ ဒါပေမယ့် ဒီကောင်ကြီး ရှိ/မရှိက နေ့ခင်းပိုင်းဆို သိပ်မသေချာဘူး။။ အဲ….ညဖက်ဆိုရင်တော့ဒီကောင်ကြီးရှိတတ်တယ် ဒါတောင် ဆယ်နာရီနောက်ပိုင်းမှသေချာတာ လမ်းကလည်းမှောင်မဲနေတာ အဲဒီအချိန်သူနေတဲ့နေရာရှေ့က ဖြတ်သွားတဲ့သူတစ်ဦးမဟုတ် တစ်ဦးကတော့ဒီကောင်ကြီး ပြသနာရှာလွှတ်လိုက်တာပဲ သူပြသနာရှာလို့ ရွာရောက်အောင်ပြေးတဲ့သူပြေးရ နောက်ကြောင်းပြန်ပြေးတဲ့သူ ပြေးရနဲပေါ့။။။ သူနေတဲ့ ဘုရားဝင်းလမ်းကြားကနေဖြတ်သွားပြီး ဘုန်ကြီးကျောင်းလေးကိုလွန်ရင် ညဆို မီးရောင်လေးလက်လက် နဲ့ အိမ်ခြေ အစိတ်လောက် ရှိတဲ့ ရွာမကျ ရပ်ကွက်မကျ အိမ်စုစုလေးဆီကိုရောက်ဘို့ လယ်ကွက် နှစ်ဆယ်လောက်အကွာ။။။ အဲဒီမှာနေတဲ့ သူတွေကတော့ဒီကောင်ကြီး အကြောင်းသိလို့ ညအချိန်မတော်ပြန်ရင်ဒီကောင်ကြီးနေတဲ့နေရာနဲ့မလှမ်းမကမ်း […]


သရဲအကြောင်းရေးကြလွန်းလို့ သရဲအကြောင်းမရေးရင်ခေတ်မမှီမှာစိုးလို့ ဒီအကြောင်းလေးကိုရေးလိုက်တာပါ..ရွာသူ/ရွာသားတို့၏မည်သည်ရေးသားချက်ကိုမျှမှီငြမ်းခြင်းမပြုပါကြောင်းထပ်လောင်းတင်ပြအပ်ပါသည်။ လှမြင့်..သေခြင်း။။။။။ မနက်ပိုင်းဝင်လာတဲ့  သတင်း….အဆန်လော်ကယ်  ရထားကြိတ်သွားပြီ  အကြိတ်ခံရတဲလူသေတယ်  အခုကြိတ်တဲ့ရထားနဲပဲ အလောင်းကိုပြန်တင်လာတယ်။။ အလုပ်တော့ရှုပ်ပြီ ။။။။။။။ ကိုယ်ဂျူတီတော့မဟုတ်  ဒါပေမယ့်မနေနိုင်  ကျွန်တော်နေတဲ့နေရာနဲခြောက်မိုင်လောက်ဝေးတဲ ေ့ရှကဘူတာမှာဖြစ်သွားတာပါ ဘူတာမှာရထားစထွက်ထွက်ခြင်း တွဲကြားမှာစီးတဲ့လူက ရထားအထွက်တွဲဆက် စပရိန်တွေဆောင့်ဆွဲရုန်းကန်တဲ့အခါ အရက်မူးနေတော့ ပြုတ်ကျပြီး တက်ကြိတ်တာပါပဲလူတွေဝိုင်းအော်ကြလို့ ရထားရပ်ပြီး ဆွဲထုတ်တော့အသက်မရှိတော့ပါ။ ကျွန်တော်တို့ဆီကိုရောက်ဘို့ ရထားဟာ မိနစ်နှစ်ဆယ်ခန့်မောင်းရမှာပါ ကျွန်တော်အောက်က စီနီယာများကို။။ ဟေ့ကောင်တွေစာရွက်စာတမ်းတွေအသင်လုပ်ထား အလောင်းသယ်လာတဲရထားလာတာနဲ့ တစ်ခါတည်းတက်လိုက်သွား ဒီက ဘူတာရုံပိုင်ကြီးကိုလည်းတစ်ခါတည်းဆေးရုံပို့လိုက်ပြီပြောလိုက် တစ်ယောက်ကစက်ခေါင်းမောင်းနဲ ဂါတ်ဗိုလ်ကိုသွားပြော  ငါတို့ထွက်ခိုင်းမှရထားထွက်လို့ သေတဲလူ ဘယ်သူဆိုတာသိအောင်အရင်စုံစမ်းသူ့ပစ္စည်းတွေကိုစစ်။။ကြားလား ရထားထွက်ရင် ငါနဲ့လူသုံးယောက် ရှေ့ဘူတာ ရထားကြိတ်တဲနေရာကိုသွားမယ် အသင့်ပြင်ထားကြ။ ရထားဝင်လာပါပြီ ဘယ်တွဲမှာလဲအလောင်းက ကြုံရာလူကိုမေးလိုက်တော့  ….ဟိုအလယ်တွဲမှာ…..အလောင်းကိုကြည်လိုက်တော့။။။။။။။။။ ဘယ်လက်မောင်းဂွကိုကြိတ်မိတော့ပြတ်လုပြတ်ခင်အနေအထား ခြေထောက်နှစ်ချောင်းလုံးကကြေမွနေပြီ သေရတဲ့အကြောင်းကတော့လယ်လက်မောင်းရင်းကို တက်ကြိတ်တဲအတွက်  ရင်ဘတ်ပိုင်းအတွင်းကလိစာတစ်ချိုပျက်စီးမှုကြောင့် ချက်ခြင်းသေရတာပါ။။အိတ်တွေရှာစမ်း  […]


ကျွန်တော် ငယ်ငယ်က သရဲ အလွန်ကြောက်တတ်ခဲ့သည်။ လူကြီးများကလည်း ခြောက်ကြသည်။ သရဲဆိုတာ အရပ်ကြီးက ထန်းပင်လောက်ကြီး၊ မျက်လုံးကြီးတွေကလည်း သပိတ်လောက်ကြီး၊ အမွှေးတွေကလည်း နီစုပ်စုပ်နဲ့ …. စသည်ဖြင့် ခြောက်လှန့်ထားကြသည်။ ဒါကြောင့် ညဆိုရင် အိမ်အပြင် မပြောနှင့်၊ အိမ်အပေါ်ထပ်ပင် မတက်ရဲခဲ့။ အခုအချိန်မှ ကျွန်တော် ပြန်တွေးမိသည်မှာ ဒီလောက် အရပ်မြင့်တဲ့ သရဲ အိမ်ထဲ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ဟူ၍ ဖြစ်ပါသည်။ ထိုသို့ ငယ်စဉ်က သရဲကြောက်တတ်ခဲ့သော်လည်း သရဲဆိုသည်ကို မကြုံတွေ့ခဲ့ဖူးပါ။ သို့ပေမယ့် ကျွန်တော် ၁၂ နှစ်သား အရွယ်လောက်မှာတော့ ကြပ်တစ္ဆေ ကို ကြုံတွေ့ခဲ့ရပါတော့သည်။ ကြပ်တစ္ဆေ ဟူသည်မှာ အုပ်စုလိုက် ခြောက်သော သရဲတစ်မျိုးဟု အလွယ်မှတ်လို့ ရပါသည်။ ကျွန်တော်တို့ အညာဒေသ […]