နွယ်ပင်June 16, 20111min23422
အခုတစ်လော ရွာထဲမှာ သရဲအကြောင်းတော်တော်ပြောနေကြတာနဲ့ နွယ်ပင်လဲပြောချင်လာတယ် ရွာသူ/ ရွာသားတွေကတော့ သရဲဆိုတာတကယ်ရှိမရှိတော့မသိဘူး နွယ်ပင်ကတော့ သရဲလိုပြောရမလား ဝိညာဉ်လို့ပဲပြောရမလား မကျွတ်မလွတ်သေးတဲ့သူလို့ပဲပြောရမလား ကိုယ်တွေ့ကြုံခဲ့တာလေးကိုပြောပြချင်ပါတယ် .. သင်္ကြန်တွင်း တစ်နှစ်ပေါ့ နွယ်ပင်တို့ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေစုပြီး တရားစခန်းဖြစ်ဖြစ် သီလရှင်ဖြစ်ဖြစ်ဝတ်မယ်ဆိုပြီးတိုင်ပင်ကြတယ် အဲဒီမှာ သံလျှင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က သူတို့ဘက်မှ တရားစခန်းရော သီလရှင်ရောပါဝတ်လို့ရတဲ့ ကျောင်းတစ်ကျောင်းရှိတယ် တောကျောင်းမို့လို့အေးချမ်းတယ် တစ်ခြား ဘာမှ အပူအပင်မရှိဘူးပြောလို့ သွားဝတ်ဖြစ်ခဲ့တယ် သီလရှင် (3) ပါးနဲ့ ယောဂီ (4) ယောက်ပေါ့ ကျောင်းလဲရောက်ရော သူငယ်ချင်းပြောသလို တကယ်အေးချမ်းပြီး တရားဝင်တဲ့သူတွေကလဲ ကိုယ့်ကျောင်းလေးနဲ့ကိုယ် နောက် အနီးပတ်ဝန်းကျင်မှာလဲ အိမ်ခြေကမရှိ ကျောင်းရဲ့ အနောက်ကလဲ တောလို့ပြောလို့ရတဲ့ သစ်ပင်တွေချည်းစုဝေးနေတဲ့ နေရာ တိတ်ဆိတ်ပြီး တကယ့်ကိုပဲ တရားကောင်းကောင်းအားထုတ်လို့ ရမယ့်နေရမျိုးပါပဲ […]