loneOctober 19, 20111min1639
နေကဝင်ကာလုနီး ညနေစောင်းအချိန်တွင် ဖွားဖွားတစ်ယောက်ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတုန်း lone ကမန်းကတန်း အိမ်က စက်ဘီးကိုယူပြီး လစ်ထွက်လာသည်။ နောက်ပြီး ပန်းခြံအနောက်ဘက်ရှိ ရုပ်ရှင်ရုံနှင့်ကပ်လျက် မုန့်ဈေးတန်းတွင် စိတ်ကြိုက်မုန့်ဝယ်စားလိုက်သည်။ အပြန် လမ်းတွင် အဖွားနဲ့တည့်တည့်တိုးတော့သည်။ ဖွားဖွားက ညနေတိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်နေကျဖြစ်သည်။….ဟဲဟဲ..ခပ်တည်တည်နဲ့ “ ဖွားဖွားဘယ်သွားမလို့လဲ…ပြောင်းဖူးပြုတ်စားချင်လို့ဝယ်ခဲ့နော် ” လို့ ဖွားဖွားကိုပြော လိုက်သည်။ ဖွားဖွား ပန်းခြံအနောက်ဘက်ရှိ မုန့်ဈေးတန်းထဲဝင်သွားတာ လှမ်းမြင် လိုက်သည်..ဟဲဟဲ lone တို့တော့ နှစ်ခါ စားရတော့မည်…ပန်းခြံနှင့်ကပ်လျက်တွင် အတွဲများ ဝင်ဝင်ခွေနေကျ …ပန်းရုံတစ်ရုံရှိသည်။ဖွားဖွား အဲဒီ့ပန်းရုံဘေးမှဖြတ် သွားသည်ကိုလည်း lone မြင်လိုက်သည်…lone ကတော့ ထုံးစံအတိုင်းအိမ်မှာ ဖွားဖွားပြန်အလာကို မျှော်နေလိုက်တယ်… နာရီဝက်လောက်ကြာတော့ ဖွားဖွား ပြန်လာသည်…မျက်နှာက မှုန်ကုပ်ကုပ်နှင့် ပြောင်းဖူး ထုပ်ကိုဆွဲပြီး အိမ်ထဲဝင်လာ သည်… […]