Paing LayMarch 7, 20142min1012
“ဟေ့….ငပေတိုး ထစမ်းးးးးး” “ဗျာ….ဗျာ….” “ဗျာမနေနဲ့ ထစမ်း” ငပေတိုး အိပ်မှုန်စုံမွားနဲ့ထကြည့်ပြီး “အဘ ဘာလဲဗျ” “ ဘာလဲ လုပ်မနေနဲ့၊ မင်းကို တစ္ဆေ အုပ်ချုပ်ရေးရုံးက ဆင့်ခေါ်ထားတယ် မနေ့ညက လုပ်အားပေး ပျက်ကွက် မှုတဲ့ကွ” “ခေါ်တော့လည်း သွားလိုက်တာပေါ့ဗျာ စိတ်ပူမနေပါနဲ့” “စိတ်ပူလို့ ပြောတာမဟုတ်ဘူးကွ ငါအဲဒီကောင်တွေနဲ့ မဆက်ဆံချင်တာ ချေးခံတွင်းပေါက်လောက်ထိုင်ရတာလေးကို ဂုဏ်လုပ်ပြီး သောက်ကြီးသောက်ကျယ်တွေ ပြောလွန်းလို့ အဲဒါကြောင့် ဝတ္တရားအရပဲ လုပ်ပေးလိုက် ပြဿနာမဖြစ်စေနဲ့လို့ မင်းကိုငါမှာလိုက်တာ” “ကျွန်တော်လည်း လုပ်ပေးမလို့ပဲ  ဒါပေမယ့် အဓိပာယ် မရှိတဲ့ အလုပ်ဆိုတော့ ကျွန်တော်စိတ်ပျက်ပြီးပြန်လာတာ” ရုက္ခစိုးကြီးက စိတ်ညစ်သွားပြီး….. “ဒီမှာ ငပေတိုး ရောမလိုရောက်ရင် ရောမလိုကျင့်ရတယ်ကွ” “ကျွန်တော်သိပါတယ် သူ့ကျောင်းကိုရောက်ရင် သူ့စာအံရမယ်ဆိုတာ” “ချီးပဲ လျှာရှည်နေပြန်ပြီ။ ရှေ့လျှောက် […]


Paing LayMarch 6, 20141min781
ရာပင်မှူး ပြန်သွားပြီးကတည်းက တစ်နေကုန် သုန်မှုန်နေသော ငပေတိုး ကို အပြင်က ပြန်လာတဲ့ ရုက္ခစိုးကြီး လှမ်းကြည့်ပြီး အံ့ဩသွားတယ်။ ခါတိုင်းဆိုရင် အမြဲတက်ကြွနေတဲ့ကောင် အပင်ခွကြားမှာ ထိုင်ပြီး မှိုင်နေတယ်ဆိုတော့…… “ဟေ့ကောင်…..ပေတိုး” “ ဟာ….အဘပြန်လာပြီလား” “အေးကွာ…လမ်းမှာလည်း ကားတွေလည်း ကျပ်နေတော့ သွားရလာတာရတာ အချိန်ကုန်ပြီး စိတ်ပင်ပန်းတဲ့ ဒုက္ခကပိုဆိုးသကွ၊ ကဲ….ရေနွေးလေးလုပ်ပါဦး” “ဟုတ်…အဘ” “အပေါ်မှာလား အောက်မှာလား အဘ” “အောက်ကိုယူလာခဲ့” ငပေတိုးရေနွးနဲ့  အမြည်းကို ယူလာပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။ “ဒီနေ့ဘာထူးသေးလဲ” “ရာပင်မှူးဆိုတဲ့ကောင်လာတယ်…..လုပ်အားပေးတဲ့” “ ဟေ….ဘာအတွက်တုန်း” “ ကွင်းပိုင်ကြီး လမ်းပေါ်မှာလာပြီး တဲထိုးနေတဲ့ ကျူးကျော်တွေ မနေနိုင်အောင်ခြောက်လှန့်ပေးရမယ်တဲ့ အဘ” “ဘယ်တော့လဲ” “ဒီညအဘ” “ အေးကွာ….သွားပြီး လုပ်စရာရှိတာ လုပ်ပေးလိုက်ကွာ ပြဿနာမဖြစ်စေနဲ့” “ […]


Paing LayMarch 5, 20141min1245
“ ဒိန်းးးးးးးးးးဖုတ်!….ဖုန်းးးးးးဖွမ်းးးးးးးးး” “ဟဲ့..သောက်ပလုတ်တုတ်” ငပေတိုး လန့်ခါပြီး သစ်ကိုင်းပေါ် တွဲလောင်းခိုမိလို့ ပင်စည်ကျောမှီပြီး ငြိမ်နေသာ ရုက္ခစိုးကြီးပါ လန့်သွားတယ် “ဘာဖြစ်တာတုန်း သောက်ခွေးရ” ငပေတိုး ရင်တုန်ပန်းတုန်နှင့်….“လန့်….လန့်သွားလို့” “ဘာလန့်စရာရှိလို့ လန့်ရတာတုန်း၊ ဒီမှာ တရားမှတ်နေတယ်ကွ” “ဆီးဂိမ်းဖွင့်ပွဲလေ ဘကြီးရဲ့ ဗျောက်အိုးတွေ ထဖောက်ပစ်တာ မပြောမဆိုနဲ့ လန့်တာပေါ့ဗျ” “ အောင်မာ အဲ့ဒါ နေပြည်တော်မှာ မင်းကရန်ကုန်မှာ ဘာလာကြောင်တာလဲ” “အာ…ဟိုးမှာ အုပ်ချုပ်ရေးမှူး အိမ်ဧည့်ခန်းထဲက တီဗွီကြီးက အကြီးကြီး အသံကလည်း အကျယ်ကြီးဗျ။ ဆီးဂိမ်းဖွင့်ပွဲ သရုပ်ပြပွဲမှာ သူ့သမီးလည်း ပါတယ်ဆိုလို့ ဟိုတစ်နေ့ကမှ 60” LCD ကြီး တစ်လုံး ပစ်ဝယ်လာတာ” “အဲဒါဘာဖြစ်လဲ” “ အာ…တီဗွီ အကြီးကြီး နဲ့ အသံက အကျယ်ကြီးဖွင့်တော့ […]