loneOctober 21, 20111min17613
နောက်ထပ်အသံကြီး တစ်သံထွက်လာပြန်သည်။………………………… ဒီအသံကြီးက တော့ လူအော်သံဆိုတာကျိန်းသေ ပါသည်။ ဒါပေမယ့် အဲ့ဒီ့ အသံ ကြီးတော့ အိမ်မှာ တစ်ခါမှမကြားဖူးသေးပါ။ … အသံကြီးက အစ်….အစ်…….. အစ်…….ဆိုပြီး အာခေါင်ထဲမှလာတဲ့အသံကြီးဖြစ်သည်။ lone မနေနိုင်တော့ အခန်းဝမှာရပ်နေတဲ့မမ ကို မေးလိုက်သည် ။“ဘာဖြစ်နေကြတာလဲ…အသံပေါင်းစုံနဲ့” မမ က“ အဖွားလေအဖွား ……..”.ဆိုပြီးတစ်နေသည် …ပြီးတော့မှ “အဖွားလျှာကြီး ထွက်နေတယ်……” “လျှာကြီးက တန်းတန်းကြီး ….အရှည်ကြီးပဲ…. လုပ်ကြပါဦး ” ဆိုပြီး ထအော်တော့သည်။ အဲဒီ့ အချိန်မှာ lone မျက်လုံးထဲမှာ လျှာတန်းတန်းထွက် နေတဲ့အဖွားကို ထွက်လာတဲ့အသံနဲ့ ဆက်စပ်ပြီး မြင်ကြည့်သည်။ အသံကြီး က ဆက် တိုက်ကြားနေရသည် ။ ပူစီကလည်း အော်နေသည်။ ထိုအသံကြီး ကလည်း […]