may flowersJune 18, 20121min1588
အဲဒီကိစ္စကို အဘွားကဘယ်သူ့ကိုမှ (ကြောက်မှာစိုးတဲ့အတွက်) ပြန်မပြောပြခဲ့ပေမဲ့ လူ တစ်ဦး၊ နှစ်ဦး စတင်မြင်ခဲ့ကြရာကစပြီး တစ်စစနဲ့တစ်ရွာလုံးလိုလို သရဲထိပ်နီရဲ့အကြောင်းကို သိလာခဲ့ပါတယ်။ အဲဒီသရဲထိပ်နီကလည်း ဘယ်သူတစ်စုံတစ်ယောက်ကိုမှ ခြောက်လှန့် ခြင်း၊ ကိုယ်ထင်ပြခြင်းမရှိပဲ အေးအေးဆေးဆေးနဲ့ နေလာခဲ့တော့ သူရှိမှန်းသိကြပေမဲ့ ဘယ်သူ ကမှလည်းသူ့ကိုကြောက်ကြတယ်ရယ် လို့မရှိကြပါဘူးတဲ့။ ဒါပေမဲ့ လပြည့်နေ့ နဲ့ လကွယ်နေ့တွေမှာတော့ မနက် ၁ နာရီကနေ  ၃ နာရီအကြားလောက်မှာ အဲဒီသစ် ပင်ဂွဆုံကနေ မီးရောင်လက်လက်ကို မြင်ကြရပါတယ်တဲ့။ မေကြီးအပြောကတော့ သရဲ မီးထွန်းတယ်ပေါ့လေ။ ဒါပေမဲ့ကျွန်မစိတ်ထဲ ခုထိမရှင်းတဲ့အချက်လေးတစ်ခု ရှိပါသေး တယ်။ အဲဒါက အနှီသရဲဦးထိပ်နီဟာ ဘာလို့ကျန်တဲ့ရက်မှာ မီးမထွန်းပဲ လပြည့်၊ လ ကွယ်လိုနေ့မျိုးမှာမှ မီးထွန်းရတာလဲဆိုတာကိုပါ။ မစပ်စု ကျွန်မကကျွန်မရဲ့ အမေကြီး ကို မေးကြည့်တော့ […]