littlekaungMarch 31, 20101min760
အဆိုတော် သားစိုး၏ လက်ညှိုး ပြတ်ရှ ဒဏ်ရာအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါကူ အထူးကု ဆေးခန်းသို့ သွားရောက် ကုသမှုခံခဲ့ရာ အထိအတွေ့ မသိရတော့သဖြင့် တခြား အထူးကု ဆရာဝန်ထံတွင် ကုသခဲ့ရကြောင်း သိရသည်။ သားစိုးဘယ်ဘက် လက်ညှိုးကို ကတ်ကြေးဖြင့် ညှပ်မိခဲ့သဖြင့် အဆိုပါ ဒဏ်ရာကို သျှင်ပါဂူ ဆေးခန်းက  ပြန်လည် ချုပ်ပေးသည့် ချုပ်ရိုးကြောင့် လက်ချောင်း အာရုံကြောများ ထိခိုက်ကာ ဘယ်ဘက် လက်တဘက်လုံး ထိတွေ့မှု မသိဘဲ ထုံကျင်ခဲ့ခြင်း ဖြစ်ကြောင်း သားစိုးက ဆိုသည်။ “ဒီလက်အတွက် ဘယ်လို လုပ်သင့်လဲလို့ ဆရာဝန်ကို ဖြစ်ကတည်းက ပြောပါတယ်။ သူက ရတယ်၊ ဘာမှ မဖြစ်ဘူး ချုပ်လိုက်ပါ ဆိုပြီး ချုပ်လိုက်တယ်” ဟု […]