manawphyulayFebruary 14, 20111min1315
သတင်းတစ်စုံတစ်ရာကို အများပြည်သူ သိရှိစေဖို့၊ ဟိုအရင်တုန်းက (ကျင့်သုံးခဲ့တဲ့) ရှေးကျတဲ့ နည်းလမ်းကတော့ သတင်းအချက်အလက်တွေကို ခရီးသည်တွေဆီက ဒါမှမဟုတ် အစိုးရရဲ့ သတင်းရနိုင်တဲ့ နေရာတွေဆီက စုဆောင်းရယူတယ်။ ပြီးမှ အဲဒီသတင်းကို ရေးပြီး သတင်းထုတ်ပြန်တဲ့ သင်ပုန်းမှာ ကော်နဲ့ကပ်ပြီးကြေညာခဲ့တာလို့ သိရပါတယ်။ ပထမဆုံး သတင်းစာကိုတော့ တရုတ်ပြည်မှာ ခုနစ်ရာစုတုန်းက အများပြည်သူအတွက် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီသတင်းစာကို အစိုးရက ပြည်သူလူထုအတွက် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ဆယ့်ရှစ်ရာစုရောက်လာတဲ့အခါမှာတော့ သတင်းစာတွေဟာ အချိန်မှန် ပုံမှန်ထုတ်ဝေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ၁၆၆၃ ခုနှစ် အင်္ဂလန်မှာ သတင်းစေတမန်ဆိုတဲ့ သတင်းစာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပထမဦးဆုံး အမေရိကန်သတင်းစာကိုတော့ ပြည်သူ့ဖြစ်အင်လို့ အမည်ပေးခဲ့ပြီး ဘောစတွန်မြို့မှာ ၁၆၉ဝ ပြည့်နှစ်က စတင်ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ အရှိန်အဝါကြီး ဩဇာအညောင်းဆုံး သတင်းစာလို့ […]