cobraOctober 9, 20121min23511
ယနေ ့ညရး၁၅အချိန်လောက်တွင်ကောင်းကင်မှထူးဆန်းသောအလင်းတန်းများထွက်ပေါ်နေပါသည်။ ထိုအလင်းတန်းများသည်ရး၃ဝလောက်တွင်ပိုနီးလာသည်ဟုထင်ရလောက်အောင်ပင်ဖြစ်လာပါသည်။ ဘာအလင်းတွေမှန်းမသိရတော့ ကြည့်နေသောလူတော်တော်များများ ပြောကြသည်မှာစလိုက်မီးထိုးနေတာသည်ကောက်ချက်ချနေကြသည်။ စလိုက်မီးသည် ကောင်းကင်မှာထင်ရလောက်အောင်ပင် အဝေးသို့ရောက်နိုင်သလား ရွှေတိဂုံစေတီနှင့်လှည်းတန်းကုန်းကျော်တံတားတည်ဆောက်နေရာတွင်သုံးသော စလိုက်မီးကြီးများသည်တောင် ကောင်းကင်တွင်အထင်းသားမပေါ်ပါ။သိသောပညာရှင်များ ပြောပြပေးစေလိုပါတယ်။ အလင်းများက၁ခုတည်းမဟုတ်ပါ ၃၊၄ခုလောက်ရှိသည်။အလင်းများသည်ငြိမ်နေခြင်းလည်းမဟုတ်ပါ စက်ဝိုင်းပုံရွေ ့လျားနေခြင်းဖြစ်သည်။