cobraOctober 16, 20101min620
သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်……. သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ဝိသေသတစ်ရပ်မှာ ပဝါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပဝါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးတော်မူစဉ် ကောသလတိုင်း၊ ဇနပုဒ်တွင် ဝါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု ကတိကဝတ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ဝန်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပဝါရဏာ ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။ သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို ပဝါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော် မူခဲ့သည့်အချိန်မှစ၍ ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း ပဝါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ […]