ဆူးOctober 19, 20101min1405
၂၇-၉-၂၀၁ဝ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀ဝ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃ဝ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။ […]