fattyNovember 17, 20101min1639
တခါက comment တခုမှာ တစ်စုံတယောက်က သီပေါမင်းနန်းတက်ရေး မင်းညီမင်းသားတွေ ဘယ်နှစ်ယောက်များအသတ်ခံလိုက်ရသလဲလို့ မေးဘူးကြောင်း မှတ်မိနေပါသည်။ ကြုံတုန်းမို့ …. ပြန်ပြောင်းအောင့်မေ့ဖွယ် အောက်ပါဖြစ်ရပ် အား ကိုးကားတင်ပြလိုက်ရပါသည်။ ၁၈၇၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။ မဟာသဘင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင့်ပမည့်ပထမဆုံးနေ့။ မင်းသားများအားဖယ်ရှားမည့်ပထမဆုံးနေ့လည်းဖြစ်ချေ၏။ ရုပ်ကလပ်များမြှုပ်နှံရန် ကျင်းကြီးလည်းတူးပြီးနေပြီ။ ဂီတ အက ပညာရှင်တို့ အသုံးတော်ခံမည့်စင်မြင့်ကြီးမှာတော့ ရွှေရောင် ငွေရောင် စက္ကူများနှင့်ခြယ်သဆင်ယင်ထားကြပေ၏။ ကတ္တီပါအိတ်အနီများချုပ်လုပ်ရသူ နန်းတွင်းသူလေးတို့ကလည်း သူတို့အလုပ်အပြီးသတ်ပြီမို့ ပွဲကြည့်ဆောင်ဘက်ရောက်နေကြပေပြီ။ ပိုးထမီ ခါးတောင်အကျီင်္ င်္များနှင့်တောက်ပြောင်နေကြသော ကချေသည်များကလည်း အမွှေးနံ့သာများလိမ်းကျံရင်း လက်ဝတ်ရတနာများဆင်ရင်ရင်း ကပြအသုံးတော်ခံရမည့်အချိန်ကိုစောင့်ဆိုင်းနေကြကုန်၏ ။ ပွဲလမ်းသဘင်ကြီးကားစခြေပြီ။ မြန်မာဇာတ်ပွဲတို့ထုံးစံအတိုင်း ဆူဆူညံညံအသံတို့ဖြင့်လွှမ်းမိုးနေ၏ ။ သီပေါဘုရင်မှာမူ စိတ်နောက်ကျိနေဟန်ရှိသည်။ စုဖုရားလတ်မိဖရားကမူ ဆေးပေါလိပ်ကြီးကိုသာဖွာနေတော့၏ ။ ဆိုင်းဝိုင်းမှချွဲချွဲပျစ်ပျစ်မှုတ်လိုက်သောနှဲကြီး၏ အသံရှည်ကြီးနှင့်အတူ […]