fattyNovember 20, 20101min24721
ကျနော်ဒီစာစုလေးကိုရှာဖွေ ကိုးကားဖေါ်ပြရခြင်းမှာ … အချို့လူငယ်တို့သည် ဘုရင်များလက်ထက် ကဆိုသည်နှင့် စာအုပ်မရှိ ရေးစရာမရှိသေး … မှတ်တမ်းမှတ်ရာတို့မှာ မသေချာလှဟု ထင်မှတ်မှားနေကြရျ် .. အနည်းငယ်မျှလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ ရတနာပုုံ့ရွှေမြို့တော်တွင် ထိုအချိန်က ဂျူးသွေးပါသော ဒေါက်တာမတ် ဆိုသူ နိူင်ငံခြားသားမှာ လူသိများလှသည်။ ဗြိတိသျှပိုင်အောက်မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး မြန်မာစကားကိုကျွမ်းကျင်စွာပြောနိုင်သည်။ မြန်မာများနှင့်လည်းရင်းနှီးစွာပေါင်းသင်းနိုင်သူဖြစ်ရာ သူ၏ခရစ်ယာန်သာသနာပြုလုပ်ငန်းများကိုမန်းလေးနန်းမြို့တော်အထိ ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုစဉ်က မင်းတုန်းဘုရင်၏ ဝန်ကြီးများတွင်လည်း ဖန်ချက်ဝန်မှာ နိုင်ငံခြားအတွေ့အကြုံမြောက်များစွာရှိခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ ပဲရစ်တက္ကသိုလ်မှ ဘွဲ့ရထားသူလည်းဖြစ်သည်။ ဒါဆိုလျှင် မင်းတုန်းခေတ် က နိုင်ငံခြားဆက်သွယ်မှုများကို စဉ်းစားနိုင်ပါပြီ။ ထိုဒေါက်တာမတ်သည် မန်းလေးနေပြည်တော်တွင် စာသင်ကျောင်းများ သာသနာပြုကျောင်းများကို မင်းတုန်းမင်း၏ အကူအညီဖြင့်ဆောက်နိုင်ခဲ့သည်။ မင်းတုန်းမင်းတွင်သားတော် ၇ဝ မျှ မက ရှိသည်။ ဒေါက်တာမတ်၏ကျောင်းသို့ […]