နွေဦးJanuary 12, 20121min1407
ဒီနေ့မကောင်းသတင်းစကြားရသည်။ အရှေ့ဖက် တိုက်ခန်းတွေရဲ့ လှေခါးရင်းက ရေမော်တာ နှစ်လုံး ဖြုတ်ခိုးခံရတယ်ဆိုတဲ့ သတင်းပေါ့။ ရေမော်တာ ဖြုတ်ခိုးခံရတယ် ဆိုတာ သတင်းထူးမဟုတ်ပေမဲ့ အခိုးခံရတဲ့ပုံစံက ဆန်းနေလို့ ရွာထဲမှာ ကြုံခဲ့တွေ့ခဲ့ရင် စောင့်ကြည့် တားဆီးလို့ ရအောင် သတင်းပေး ပိုစ့် လေး တင်လိုက်တာပါ။ ခိုးခံရတာကို မေးကြည့်တော့မှ နေ့ခင်းကြောင်တောင် ဖြုတ်ခိုးသွားတာတဲ့။တွေတဲ့သူကလဲ တွေ့တယ် တဲ့။ ဗမာတယောက်နဲ့ အသားမဲမဲ လူမျိုးခြား နှစ်ယောက် ပါတဲ့။ မျက်မြင် တယောက်ရဲ့အပြောအရ အဲဒီ အခိုးခံရတဲ့ တိုက် လှေခါးအောက်မှာ ဒီလူသုံးယောက်ကို သတိထားမိတယ်တဲ့။သူတို့ ပုံစံက Air con: ပြင်တဲ့ သူတွေလို ပစ္စည်းကရိယာတွေ ပါတယ်တဲ့။ ဒါ့ကြောင့် သူလဲ ဘယ်အခန်းမှာပြင် ဘို့လဲလို့ စောင့်ကြည့်နေပေမဲ့ အလုပ်ကိစ္စ […]