ရွှေအိမ်စည်October 26, 20121min1477
သူငယ်ချင်းဆိုတာ တကယ့်ကို ရှားပါးပြီး တန်ဖိုးရှိတဲ့ ရတနာ တစ်ခုပါပဲ။ သူငယ်ချင်းအစစ်အမှန်က အားငယ်ချိန်တွေမှာ ကိုယ့်ကို ပြုံးအောင်လုပ်ပေးတယ်.. စိတ်ညစ်နေချိန်မှာ အောင်မြင်မှုရဖို့ ကိုယ့်ကို အားပေးတယ်.. သူတို့ရဲ့ နားတွေကို ကြ ည်ကြည်ဖြူဖြူနဲ့ ကိုယ့်ကို ငှားတယ်။ ကောင်းမွန်တဲ့အရာတွေကို ဝေမျှပေးတယ်။ ပြီးတော့ သူတို့ရဲ့ နှလုံးသားတွေကို ကျွန်မတို့အတွက် အမြဲဖွင့်ပေးထားတယ်။ ဒါကြောင့် ဘုရားဆီမှာ ဆုတောင်းတိုင်း စိတ်နှလုံးလှလှလေးတွေနဲ့ ဆုတောင်းကြစေချင်ပါတယ်။ ”သူငယ်ချင်း..မိတ်ဆွေ အစစ်အမှန်” ရပါစေလို့ပေါ့။ သူတို့ဟာ ကျွန်မတို့အတွက် ဘုရားပေးတဲ့ အကောင်းဆုံး လက်ဆောင်တွေထဲက တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုပါ။ မိတ်ဆွေ..သူငယ်ချင်းဆိုတဲ့ ရင်းနှီးခင်မင်မှုဟာ တကယ့်ကို အံ့ဩဖို့ကောင်းပြီး နက်နဲတဲ့ ဆက်ဆံရေးပါ။ ကျွန်မတို့ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်.. ကျွန်မတို့စိတ်ခွန်အား ကျဆင်းနေတဲ့ အချိန်မျိုးမှာ […]


thit minAugust 21, 20111min972
၁)ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ ကျန်တဲ့၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။ ၂)မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။တစ်ယောက်နဲတစ်ယောက်ကြားမှာအကွာအဝေးတစ်ခုချန်ထားရင်ကိုယ့်ကိုယ့်ကိုုကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။ ၃)တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ကိုယ်ဖက်က လိုချင်တာတွေများသွားလို့ပါ။ ၄)Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။ Heart ဆိုတဲ့ စကားလုံးကြားမှာတော့ earနဲ့ art ဆိုတဲ့စာလုံးတွေကို ဝှက်ထားတယ်။ ၅)၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။ ၆)ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင်ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။ ၇)ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။ကိုယ်ပျော်လို့ သူပျော်ရင် […]


manawphyulayNovember 23, 20101min1002
သူငယ်ချင်း၊၊ ၊၊ “သူငယ်ချင်း”ဆိုတဲ့ မြန်မာဝေါဟာရကို ပါဠိစာပေမှာ‘သဟာယက’လို့ခေါ်ပြီး၊ အင်္ဂလိပ်မှာတော့ Friend, သီရိလင်္ကာလို ‘ယာလုဝ’လို့ခေါ်ပါတယ်၊၊ လူတိုင်းအတွက် အပေါင်းသင်း သူငယ်ချင်းဆိုတာ အရမ်းအရေးကြီးသလို ရှိဖို့လည်း လိုအပ်ပါတယ်၊၊ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေမရှိတာဟာ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ဝင်ဆံမှု နည်းတာကို ပြရာလည်းရောက်ပါတယ်၊၊ လူတစ်ယောက်မှာ မိသားစုအသိုင်းအဝိုင်းကောင်းရှိဖို့ လိုအပ်သလို သူငယ်ချင်း မိတ်ဆွေကောင်းရှိခြင်းသည်လည်း တိုးတက်ဖို့ လမ်းကောင်း ဖြစ်ပါတယ်၊၊ နေ့စဉ်ဘဝ နေထိုင် လှုပ်ရှားမှုတွေမှာလည်း သူငယ်ချင်း မိတ်ဆွေကောင်းရှိသူတွေဟာ တကိုယ်တည်း သမားတွေထက် ပိုအောင်မြင်တတ်ပါတယ်၊၊ ဘဝပျော်ရွှင်မှု အပိုင်းကဏ္ဍတွေမှာဆိုရင် သူငယ်ချင်း မိတ်ဆွေ ကောင်းရှိသူများမှာ သူတကာထက် ပိုပျော်ရွှင်ရတတ်ပါသေးတယ်၊၊ တစ်ကိုယ်တည်းသမား တွေ အတွက်တော့ အဆိုးအကောင်းခံစားချက်ကို မျှဝေစရာလည်း မရှိ၊ တိုင်ပင်စရာလည်း မရှိနဲ့ အ တော်ကို […]