နွယ်ပင်January 10, 20121min23817
သူငယ်ချင်းတဲ့ ဒီအခေါ်အဝေါ်လေးက နွယ်ပင်တို့ ငယ်ငယ် မူကြိုစတက်ကတည်းက ကြားနေတဲ့ အသုံးအနှုန်းလေး ။ မူကြိုကိုစတက်နေပြီဆိုကတည်းက လူကြီးတွေက တွေ့လိုက်ရင် မူကြိုမှာ သူငယ်ချင်းရနေပြီလား ဘယ်နှစ်ယောက်ရှိလဲ ဆိုပြီးမေးတက်ကြတယ် ။ အဲ့အချိန် အဲ့အရွယ်မှာကတည်းက လူဆိုတာ တစ်ယောက်ထဲမဟုတ်ဘဲ ကိုယ်နဲ့ ခင်မင်ရာ စိတ်တူရာ အုပ်စုလေးနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာတယ်နော်။ ဒီအရွယ်လေးနဲ့ သူငယ်ချင်းကို ခင်ရကောင်းမှန်း တွယ်တာရကောင်းမှန်းလဲ သိနေကြပါပြီ ။ ဒီလိုနဲ့ ကျောင်းတက်ခဲ့စဉ် တစ်လျှောက်လုံး သူငယ်ချင်းတွေ အများကြီးထားကြတဲ့ သူတွေရှိ သလို ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်ယောက် နှစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲရွေးပေါင်းတက်တဲ့ သူတွေလည်းရှိပါတယ် ။ ငယ်ငယ်က သူငယ်ချင်းဆိုတာ အတန်းထဲက သူငယ်ချင်းတိုင်းလိုလိုက ကစားဖော်ကစားဖက် စာပြိုင်ဖော်စာပြီုင်ဖက် အနေနဲ့ပဲ ရှိခဲ့ကြပြီး […]