အေတြးေလးDecember 28, 20121min1337
(၁)ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဟာ ဒီကောင်တွေငါခေါ်နေတာကို ဘာလို့လှည့်မကြည့်တာပါလိမ့် ကျတော်စိတ်တိုသွားသည်။ သူတို့တွေ ကျတော်ခေါ်နေတာက်ိုဂဂုမစိုက်ပဲနှင် သူတို့တွေူက မြစ်ကမ်းပါးဘက်ကိုစိတ်ဝင်တစားကြည့်နေကြသည်။ သူတို့တွေဘာကိုကြည့်နေတာပါလိမ့်ကျတော်လည်းစိတ်ဝင်စားကြည့်လိုက်တော့ အလို မြစ်ကမ်းပါမှာလူတွေစုပြုံပြီး မြစ်ထဲကိုငေးနေကြတယ် ရင်ဘက်ကို လက်နှင့်ဖိတဲ့သူကဖိလို့ပေါ့။ အဲဒီအချိန်မှာ ပန်ပန်ရဲ့ စိုးရိမ်တကြးီအော်လိုက်သံကို ကြားလိုက်ရတယ်။ “ဟဲ့ကောင်း ဘယ်ရာက်သွားလဲ ကောင်းဘယ်ရောက်သွားတာလည်း” ဟင်ဒီကောင်တွေဘာတွေဖြစ်နေလဲမသိပါဘူးငါ့ကိုတောင်မမြင်ကြဘူးလားမသိဘူး။ ဟား ဟား ဟား….. ဘာလို့မမြင်တာလဲမသိဘူးနော်”ဟေ့ ငါဒီမှာလေ နင်တို့ကလည်း ကန်းနေလားဟဲ့ငါဒီမှာလေ ” ကျတော သူတို့ကိုအော်ရလွန်းလို့အာခေါင်တွေလည်းနာလာသည်။သူတို့ကတော့ မကြားကြသေးပေ။ သူငယ်ချင်းတွေအားလုံးက ကျတော်နာမည်ကို သာအော်ခေါ်ပြီ မြစ်ကမ်းပါးကို ပြေးသွားကြပြီ ကျတော်လည်း သူတို့နော်ကကူနေ လိုက်ရတော့ တာပေါ့။ မြစ်ကမ်းပါးကိုရောက်တော့ သူတို့တွေကအနားကလူတစ်ယောက်ကို မေးနေကြတယ် “ဦးလေး ဒါဘာလုပ်နေတာလဲဟင်”ညိမ်းရဲ့မေးလိုက်တဲ့အသံပါ။နောက်ပြီးသူကပဲ ဆက်ပြီးတော့ “ဟို ဟိုလေ ဦးလေး ဒီနာ းမှာလေ […]