မမေလးSeptember 22, 20101min1071
ညဘက်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့်အချက် ရှာတွေ့ ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့် အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့် အဓိက အချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင် တို့၏ ဖော်ပြချက်အရ လူတို့၏ ဦးနှောက်တွင်းရှိ ဦး နှောက်လှိုင်း ပေါက်ကွဲမှုက လျှပ်စစ်ဓာတ် ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာ အိပ်ပျော်စေခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန် စဉ်းစားပေးသည့်လက္ခဏာ ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ဦးနှောက်က ိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာ လှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင် အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က ပြောကြားခဲ့ကြသည်။ အချို့သော […]