ကြောင်လေးMarch 31, 20121min872
မီဒီယာသမားများဟာ အပြောသမားတွေတဲ့လား ကြောင်လေး  မိတ်ဆွေတစ်ယောက်နဲ့ အခြေအတင်စကားဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ သူပြောတာက မီဒီယာသမားတွေဟာ လက်ရှိအစိုးရရဲ့ မကောင်းကြောင်းတွေကို ဆီလို အပေါက်ရှာပြီး လိုက်ပြောနေပါတယ်တဲ့၊ ဒေါ်စုနဲ့ NLD ပါတီကိုတော့ အကောင်းပြောကြတယ်ပေါ့။ ဒေါ်စုရဲ့ပါတီ အာဏာရလာရင်ကော ဒီလိုပဲ မကောင်းပြောဦးမှာ လားတဲ့။ ကျနော်လည်း ဒီလိုပြန်ရှင်းပြပါတယ်။ မီဒီယာ သမားဆိုတာ လက်ရှိအစိုးရကို တမင်သက်သက် မကောင်းပြောတာတော့မဟုတ်ဘူး။ အမှားတွေ  အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုနည်းမျိုးစုံနဲ့ ထောက်ပြနေကြတာပါ။  နောင်အစိုးရတက်လာရင်လည်း၊ နောင်အစိုးရရဲ့ အမှားတွေ၊ အားနည်းချက်တွေ လိုအပ်ချက်တွေကိုထောက်ပြနေဦးမှာပဲ ဆိုတဲ့အကြောင်းပြန်ရှင်းပြပါတယ်။ ဒီတော့ သူက ဘာပြောသလဲဆိုတော့ အဲဒီလူတွေဟာ သူများအပြစ်ကိုလျှောက်ပြောနေကြတယ်၊ သူတို့ ကို ကိုယ်တိုင်လုပ်ခိုင်းရင်ကော လုပ်နိုင်ကြမှာလားတဲ့။  တကယ်တော့ အလုပ်မလုပ်တဲ့ အပြောသမား သက်သက်တွေပါတဲ့၊ သူတို့ တွေ ဒီလောက်တတ်နေရင် […]