etoneNovember 22, 20101min712
အရက်တွေအလွန်အကျွံသောက်ထားပြီး မနက်မိုးလင်းမှ အိမ်ပြန်လာတဲ့ ခင်ပွန်းကို မိန်းမဖြစ်သူက အိမ်အဝင်ဝကနေ ဆီးမေးပါတယ်။ “ကြည့်စမ်း .. တစ်ကိုယ်လုံးလည်း အရက်စော်နံနေတာပဲ။ အကျႌ ကော်လာမှာလည်း နှုတ်ခမ်းနီရာတွေနဲ့။ နေစမ်းပါဦး … မနက်မိုးလင်း ၆ နာရီမှ အိမ်ကိုပြန်လာရဲရလောက်အောင် ရှင့်မှာ တော်တော်ကောင်းတဲ့ အကြောင်းပြချက် ရှိနေတယ်ထင်တယ်”လို့ ပြောတော့ ခင်ပွန်းဖြစ်သူ ပြန်ဖြေတာက “ရှိတာပေါ့ကွ …ငါမနက်စာ စားရဦးမယ်လေ” တဲ့။