etoneFebruary 21, 20111min17614
ဖေဖော်ဝါရီလ 9 ရက်နေ့က ကျမချစ်သူ operation အသေးစား တစ်ခုအတွက် ဆေးရုံ တတ်ရပါသည် ။ ပေါင်တွင် soft tissue ဟု အမည်တွင်သော အလုံးငယ်တစ်လုံးစမ်းမိရာမှ စစ်ဆေးကြည့်ရာ တိတိကျကျ မပြောနိုင်သဖြင့် အန္တရာယ်မပေး ၊ မနာမကျင်သော်လည်း ခွဲထုတ်ရန်စီစဉ်ခဲ့ကြသည် ။ ပါမောက္ခကြီး ဒေါက်တာ သိန်းလွင်က လုပ်ဖော်ကိုင်ဖက် တပည့်ဖြစ်သူလည်းဖြစ် ၊ လက်ရှိ ဆေးရုံကြီးတွင် AS ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော သ့ ူကို များစွာ အကူညီပေးပြီး ဆေးရုံတက်ရန် အကြံပြုရာမှ ကျမတို့ ရက်ရွေးပြီး အော်ပရေးရှင်း ပြုလုပ်ခဲ့ပါသည် ။ ဆရာကြီးကိုယ်တိုင်ပင် 55 မိနစ်ခန့် ကိုယ်တိုင် ခွဲစိတ်ပေးခဲ့ပြီး အော်ပရေးရှင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည် ။ […]