moonpoemAugust 4, 20111min14413
ကျွန်မငယ်ငယ်လေးကတည်းက စလို ့ ထူးဆန်းတဲ့ အရာတွေ ဖြစ်တတ်တာ တစ်ခုတေ့ာရှိတယ်။ အခြားတော့ မဟုတ်ပါဘူး။ ညညမက်တဲ့ အိပ်မက်တွေက အပြင်လောက မှာ ပြောင်းပြန်ဖြစ်တတ်တာပါ။ အကြားအမြင်ပေါက်တဲ့လူတို ၊့ ဆဋ္ဌမအာရုံရတဲ့လူတွေကတော့ ဘဝမှာ ဘာဖြစ်မယ်ဆိုတာကို အိပ်မက်တစ်ဆင့် သိရှိကြရပြီး ၊ ကျွန်မကတော့ ပြောင်းပြန်ဖြစ်နေတာ ဘာကြောင့်ပါလိမ့် ဆိုတာ အခုချိန်ထိ တကယ့်ကိုနားမလည်နိုင်တဲ့ အရာတစ်ခုပါ။ ငယ်ငယ်ကတော့ သတိမထားမိပေမယ့် အလယ်တန်းကျောင်းသူဘဝကစလို ့ အိပ်မက်တွေထဲကနဲ့ ဆန် ့ကျင်ဘက် ပြောင်းပြန်ဖြစ်တတ်တာကို သိလာတယ်။ အသေးအဖွဲလေးတွေတော့ မပြောတော့ပါဘူး။ ၁ဝတန်းအောင်စာရင်းမထွက်ခင် တစ်ပတ်လောက်အလိုက ကိစ္စကိုတော့ ပြောပြချင်ပါတယ်။ အဲဒီနေ ့ညက ကျွန်မအိပ်မက်ထဲမှာ ဂုဏ်ထူး၄ဘာသာထွက်ပြီး အမှတ်ပေါင်းက 156မှတ်ရတယ်တဲ့။ အိပ်မက်ကနေ နိုးလာတော့ ရယ်နေတာပေါ့။ ဘယ်နှယ့် ဂုဏ်ထူး၄ဘာသာထွက်ပြီး […]