naywoon niJanuary 12, 20111min1088
ခုတစ်လော တင်ကြတဲ့ ပို့စ်အတော်များများမှာ Comments Off ဆိုတာတွေ တွေ့ရတာများနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ခင်ဗျာ ။ သူကြီးက စာတင်တဲ့သူတွေကိုအလှည့်ကျ off နေတာလား(ဝင်ပြီးဆွေးနွေး မဲ့သူ များမှာစိုးလို့ ။လူများများ Comments တွေဝင်ရေးရင် 10….10 နဲ့ ပေးရမှာချွေတာရေးလုပ်တာလားလို့ပါ ) တစ်ချို့ ပိုစ့်တွေက အတော်များများ ရွာဆူအောင်ပြောမဲ့ ပို့တွေချည့်ဖြစ်နေတော့ ပို့တင်နေတာကို သူကြီး ကြည့်ပုံရတယ် ။ မသိလို့ မေးကြည့်တာနော် စိတ်ဆိုးတော်မမူပါနဲ့ စာတစ်ပုဒ်တင်ရင် ကိုယ့်စာ Comments Off ဖြစ်နေသလား အရင်ကြည့်နေရတယ်။ တစ်ခါတစ်ခါ error ပြနေတာနဲ့ publish ထပ်ထပ် လုပ်မိတာတွေရှိနေတယ်။ ဒီဘက်ကလွန်တာလား အဲဒိဘက်ကလွဲသလား မသိဘူးနော် တစ်ခုခု တော့ တစ်ခုခုပဲ ။